အဆိုတော်ချောချောလေး Becky G ပါဝင်သရုပ်ဆောင်ထားတဲ့
ဇာတ်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးချင်ပါတယ်။
ဇာတ်လမ်းလေးနာမည်က A.X.L (2018) ပါ။
Science fiction/action ဇာတ်လမ်းကောင်းလေးတွေသဘောကျနှစ်ခြိုက်တဲ့
ပရိသတ်ကြီးအတွက်တော့ စိတ်ကြိုက်ဖြစ်မှာပါပဲ။
ဇာတ်လမ်းအကျဉ်းလေးကိုလဲ တင်ဆက်ပေးပါဦးမယ်။
A.X.Lဆိုတာက စစ်တပ်သုံးဖို့ အထူးတီထွင်ထုတ်လုပ်ထားတဲ့ ခွေးစက်ရုပ်ပါ။
A.X.L ဆိုတဲ့နာမည်လေးရဲ့ အဓိပ္ပါယ်ကိုပြောပြရရင်
A = Attack(အတိုက်ခိုက်စွမ်းရည်) ,
X = Exploration (ရှာဖွေစွမ်းရည်) ,
L = Logistics (စဉ်းစားဆင်ခြင်တတ်တဲ့စွမ်းရည်)
ဒီလိုအရည်အချင်းတွေနဲ့ ပြီးပြည့်စုံတဲ့ စက်ရုပ်ခွေးဖြစ်ပါတယ်…
စစ်တပ်ဟာအနာဂါတ်အတွက် စစ်မြေပြင်မှာအသုံးချဖို့အတွက် လူသားတွေအပေါ်
သစ္စာအရှိဆုံးသတ္တဝါတွေထဲမှ ခွေးရဲ့ပုံစံကိုရွေးပြီးတော့
စက်ရုပ်ခွေးဖန်တီးခဲ့ပါတယ်…
ဒါပေမယ့် စစ်တပ်ကိုမပို့မီ အချိန်မှာ
A.X.L က ဓာတ်ခွဲခန်းထဲကနေ ထွက်ပြေးလာခဲ့ပြီးဆိုင်ကယ်စီးကျွမ်ကျင်သူ
ဟေးလ်နဲ့ ကွင်းပြင်ထဲမှာဆုံမိပါတော့တယ်။
ကြမ်းတမ်းသန်မာတဲ့စက်ရုပ်ခွေးဖြစ်သူ A.X.L နဲ့ လူသားဖြစ်သူ
ဟေးလ်တစ်ယောက် ဘယ်လိုရှေ့ဆက်ဖြစ်ကြမလဲ?
ဘာတွေဆက်ဖြစ်ကြမလဲ?
စတဲ့မေးခွန်းတွေ အကြင်နာတရားနဲ့ စိတ်လှုပ်ရှားစရာကို
ဒွန်တွဲဖော်ပြတင်ဆက်ထားတဲ့ကားကောင်းလေးပါ။
Spoilerပါမှာစိုးလို့ အနည်းငယ်သာဖော်ပြလိုက်ပါတယ်။