6.5
50,183
...

Video Quality

Blu-ray 1080p

Audio Quality

DTS 2.1

File Size

2.5 GB

Credit

50

A Rainy Day in New York (2019)

Comedy, Romance

Credits 50

ဒီရုပ်ရှင်လေးကတော့ ဟာသ ဒရာမာ အမျိုးအစားပါပဲ။ခွက်ထိုးခွက်လန်ရီရမယ့် ဟာသမျိုးတွေ မဟုတ်ပါဘူး။ရယ်ရခက် ငိုရခက် ကိုးရိုးကားယား ဟာသမျိုးတွေပါပဲ။ အချစ်ဇာတ်လမ်းလေးကလည်း တစ်မျိုးဆန်းပါတယ်။ သရုပ်ဆောင်တွေကတော့ သိတဲ့သူများမှာပါ။တင်မိုသီ၊ အယ်လ်ဖန်းနင်း၊ ဆယ်လီနာဂိုးမက်ဇ်၊ ဂျုလော တို့ ပါပါတယ်။ဇာတ်လမ်းလေးကတော့ ဂတ်စ်ဘီဆိုတဲ့ နယူးယောက်ကလာတဲ့ကောလိပ်ကျောင်းသားလေးမှာ အက်ရှ်လိဆိုတဲ့ချစ်သူကောင်မလေး တစ်ယောက်ရှိတယ်။ တစ်နေ့မှာ အက်ရှ်လိဟာ ကျောင်းသတင်းစာအတွက်နာမည်ကျော် ဒါရိုက်တာ ရိုလန်ပိုလက်နဲ့ တစ်နာရီ အင်တာဗြူးခွင့်ရခဲ့ပါတယ်။ဒီတော့ ရိုလန်ရှိတဲ့ နယူးယောက်ကို စုံတွဲအတူခရီးထွက်ရင်းအပန်းဖြေကြဖို့ စီစဉ်လိုက်ကြတယ်ပေါ့။ ဒါပေမယ့် ဟိုရောက်တော့အက်ရှ်လိက ဒါရိုက်တာ၊ ဇာတ်ညွှန်းဆရာ၊ နာမည်ကျော်မင်းသားတွေနဲ့ပေါက်ကရအလွဲတွေကြုံပြီး၊ဂတ်စ်ဘီကလည်း သူ့ရည်းစားဟောင်းရဲ့ ညီမလေးနဲ့ နယူးယောက်ရဲ့မိုးရေတွေထဲမှာ ပေါက်ကရတွေ ထပ်ကြုံရတယ်ပေါ့။ ဇာတ်လမ်းလေးကလှပါတယ်။ဒိုင်ယာလော့တွေလည်း ကောင်းတယ်။ ကြည့်ရတာ ကသိကအောက်နဲ့ ချစ်စရာကောင်းပါတယ်။ကြိုက်ကြမှာပါ။ ဒီကားကိုဘာသာပြန်ပေးသူကတော့ Pyae Sone Ynwa ဖြစ်ပါတယ်