6.8
276,545
...

Video Quality

Blu-ray 1080p

Audio Quality

DTS HDMA 7.1

File Size

5.7 GB

Credit

500

Sinister (2012)

Horror, Mystery, Thriller

Credits 500

လက်သည်မပေါ်တဲ့ မှုခင်းဖြစ်ရပ်မှန်တွေအကြောင်း စာအုပ်ရေးတဲ့ စာရေးဆရာက သူ့နောက်စာအုပ်အသစ်အတွက် မိသားစုနဲ့အတူအိမ်ပြောင်းလာရင်း သူကိုယ်တိုင် သားကောင်ဖြစ်သွားတဲ့ သရဲကားပါ။ အယ်လီဆင်က တစ်ချိန်က နာမည်ကျော်စာရေးဆရာဖြစ်ပြီး လတ်တလောမှာတော့ broke ဖြစ်နေတဲ့အတွက် စာအုပ်အသစ် အောင်မြင်ဖို့ အပူတပြင်းအရေးကြီးနေပါတယ်။ ဒီအတွက် မိသားစုတစ်စု ဆွဲကြိုးချ အသတ်ခံရပြီး ကလေးတစ်ယောက်ပျောက်နေတဲ့ အိမ်ကို မိန်းမကို အသိမပေးဘဲ ပြောင်းလာခဲ့ပါတယ်။ နဂိုတည်းက စာရေးဖို့ အိမ်တွေပြောင်းနေကျဆိုတော့ မရိပ်မိကြပါဘူး။ ဒီလိုနဲ့ အိမ်ခေါင်မိုးထပ်မှာ မိသားစုတွေကို သတ်တဲ့ပုံစံကို ဗီဒီယိုရိုက်ထားတဲ့ အခွေတွေ တွေ့ပြီး ကြည့်မိရာကနေ အိမ်ကြီးမှာရော ကလေးတွေမှာပါ ထူးဆန်းတာတွေ စဖြစ်လာတဲ့အခါ... မြန်မာ‌တွေမှာ ကလေးတွေ အငိုတိတ်အောင် ခြောက်တဲ့ ဒေဝေါကြီးရှိသလို သူတို့ရှေးဦးက ခရစ်ယာန်တွေမှာလည်း ကလေးတွေကို စားတဲ့ ဘူဟူဆိုတဲ့နတ် ရှိပါတယ်။ ဗီဒီယိုတွေထဲမှာ အဲ့ဘူဟူဆိုတဲ့သူ ပါနေတာတွေ့ပြီးတဲ့နောက် အယ်လီဆင်တို့ မိသားစုရော ရှေ့ကမိသားစုတွေလို ကံကြမ္မာဆိုးနဲ့ကြုံရမလား လွတ်မြောက်မလားဆိုတာ.... ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Shune Lai KK ဖြစ်ပါတယ်