တင်မ် ဆိုတဲ့ ၇နှစ်သားကလေးလေးဟာ မိဘနှစ်ပါးရဲ့အချစ်တွေကို အကုန်ရထားသူပါ။ တစ်နေ့မှာတော့ သူတို့မိသားစုရဲ့ ဘဝထဲကို ဝတ်စုံအပြည့် နဲ့ ကလေးလေးတစ်ယောက် ရောက်လာပါတော့တယ်။ ဒီကလေးလေး ရောက်တဲ့အချိန်ကစ မိဘနှစ်ပါးရဲ့ တင်မ်အပေါ် ဂရုစိုက်မှုဟာ သိသိသာသာ လျော့နည်းလာပါတယ်။
တစ်ညမှာ တင်မ်က သူ့ညီအခန်းထဲက ဖုန်းသံကြားလို့ သွားရောက်ကြည့်ရှုတဲ့အခါမှာတော့ . . . ထိတ်လန့်စရာအဖြစ်ကို တွေ့မြင်ခဲ့ရပါတော့တယ်။ သူ့ရဲ့မွေးကင်းစ ညီငယ်ကလေးဟာ စကားပြောတက်နေပြီး သူတို့မိဘတွေရဲ့ ကုမ္ပဏီကို စုံစမ်းနေတာပါတဲ့။
တစ်ယောက်နဲ့တစ်ယောက် ချောက်ချရင်း ဒုက္ခပေးရင်းနဲ့ စွန့်စားခန်းလည်း အတူဖွင့်ခဲ့ကြတဲ့ ဒီနှစ်ယောက်ဟာ ညီအစ်ကိုတွေ ဖြစ်လာနိုင်ပါ့မလား. . .
ကလေးငယ်လေး စုံစမ်းနေတဲ့ ကုမ္ပဏီကြီးက ကလေးတွေကို ပါပီတွေနဲ့ အစားထိုးမယ့်အစီအစဉ်ကို သိလိုက်ရတဲ့အခါ တင်မ်နဲ့ သူ့ညီတို့ ကမ္ဘာကြီးကို လူဆိုးတွေလက်ထဲက ကယ်တင်နိုင်ပါ့မလား. . . ဆိုတာ ရှုစားရမှာပါ။
DreamWorks Animation ကနေ ထုတ်လုပ်ထားပြီး Disney ထက်သာတယ်လို့ အသိအမှတ်ပြုခံထားရတဲ့ ကားလေးဖြစ်ပါတယ်။ Box Office အရလည်း အကြီးအကျယ် အောင်မြင်ထားပါတယ်။ IMBD rating ကတော့ 6.3/10 ဖြစ်ပါတယ်။ ရှုစားကြပါဦး။
(အညွှန်းနဲ့ ဘာသာပြန်သူ Sue Mon)