ဒီတစ်ခေါက်မှာတော့ ပရိသတ်တို့ကြီးရဲ့အချစ်တော်မင်းသားလေး ဂျက်ကီချန်းရဲ့အချစ်ဇာတ်လမ်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ဒီဇာတ်လမ်းလေးဟာ အားပုဆိုတဲ့ ထိုင်ဝမ်သူလေးတစ်ယောက် နတ်သမီးပုံပြင်တွေထဲကအတိုင်း ရေထဲမျောပါလာတဲ့ပုလင်းထဲမှစာတိုလေးတစ်ခုကြောင့်ရှန့်ကန်မြို့ကိုရောက်လာကာသူ့ရဲ့ အိပ်မက်ချစ်သူကိုရှာဖွေခဲ့ပုံနှင့် ဇာတ်အိမ်ဖော်ထားတာပဲဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ကြည့်လို့ကောင်းတဲ့ အချစ်ဇာတ်လမ်းလေးဖြစ်တာကြောင့် ပရိသတ်ကြီးတို့အကြိုက်တွေ့ကြမယ်လို့ မျှော်လင့်ပါတယ်။
ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Noi ဖြစ်ပါတယ်