7.3
9,176
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

4 GB

Credit

200

A Dirty Carnival (2006)

Action, Crime, Drama

Credits 200

ဒီကားလေးကတော့ ၂၀၀၆ခုနှစ်က ထွက်ရှိခဲ့တဲ့ အက်ရှင်ဒရာမာ ဇာတ်လမ်းလေးပါ။ ဂင်ဗြောင်ဒူက လူမိုက်ဂိုဏ်း အသေးစားလေးကို ဦးစီးနေတဲ့ အသက် ၃၀ အရွယ် ဂိုဏ်းစတားတစ်ယောက်ပါ။ ဂိုဏ်းစတားအကြီးစားဖြစ်တဲ့ သူ့သူဌေး ခိုင်းသမျှကို လုပ်ခဲ့ပေမယ့် သူ့မိသားစုနဲ့ သူ့ရဲ့ဂိုဏ်းကို ထောက်ပံ့နိုင်လောက်အောင်တောင် ပိုက်ဆံလုံလုံလောက်လောက် မရပါဘူး။ ရည်မှန်းချက်ကြီးတဲ့ ဗြောင်ဒူက ဒီဘဝကနေ ရုန်းထွက်ပြီးတော့ ငွေများများရှာနိုင်ဖို့အတွက် သူ့သူဌေးရဲ့ စပွန်ဆာဖြစ်တဲ့ ဥက္ကဟွမ်ဆိုသူနဲ့ ပူးပေါင်းခဲ့ပြီး ဥက္ကဌဟွမ် ခိုင်းတဲ့အတိုင်း အမှုစစ်တစ်ယောက်ကို သတ်ခဲ့မိတယ်။ အဲဒီအဖြစ်ကို သူ့သူဌေး သိသွားတဲ့အခါ သူ့သူဌေးကိုပါ ရှင်းပစ်ခဲ့တာပေါ့။ အဲဒီအတောအတွင်းမှာ ဗြောင်ဟိုရဲ့ သူငယ်ချင်းဟောင်းဖြစ်တဲ့ တက်သစ်စ ရုပ်ရှင်ဒါရိုက်တာတစ်ယောက်က ဗြောင်ဟိုကို လာရှာပြီး သူရိုက်မယ့် ဂိုဏ်းစတားရုပ်ရှင်အတွက် အချက်အလက်တွေ မေးမြန်းအကူအညီတောင်းခဲ့တယ်။ အဲဒီသူငယ်ချင်းနဲ့ ကျောင်းသားဟောင်း တွေ့ဆုံပွဲကို လိုက်သွားရာကနေ ငယ်ငယ်က Crush နဲ့ ပြန်ဆုံခဲ့ရတယ်။ Crush နဲ့ တွေ့ပြီးတဲ့နောက်မှာ ဗြောင်ဒူတစ်ယောက် သူ့ဘဝရဲ့ ရှင်သန်နေထိုင်ပုံနဲ့ ပတ်သက်ပြီး မေးခွန်းပြန်ထုတ်မိလာတော့တယ်။ ဒါပေမဲ့ လောဘအလိုနောက်လိုက်ရင်း ဒီညစ်ပတ်တဲ့ လောကထဲက ရုန်းထွက်ဖို့ ခက်ခဲနေခဲ့တယ်။ ဗြောင်ဒူတစ်ယောက် ဂိုဏ်းစတားဘဝကနေ ရုန်းထွက်နိုင်မှာလား၊ သူ ကျူးလွန်ခဲ့တဲ့ ပစ်မှုတွေအတွက် ဒဏ်ခတ်ခံရမှာလားဆိုတာကို A Dirty Carnival ဆိုတဲ့ ဇာတ်လမ်းလေးမှာ ကြည့်ရှုခံစားနိုင်ပါပြီ။ ဇာတ်ကားအညွှန်းနဲ့ဘာသာပြန်သူကတော့ June Rose ဖြစ်ပါတယ်