8.8
2,287,043
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

3.9 GB

Credit

200

Fight Club (1999)

Drama

Credits 200

စိတ်ပျက်စရာကောင်းတဲ့အလုပ်နဲ့ ပျင်းစရာ သာမန်ဘဝမှာနေထိုင်နေတဲ့ဇာတ်လိုက်ဟာ သူ့ဘဝကို ငြီးငွေ့နေတဲ့သူတစ်ယောက်ဖြစ်ပြီး အိပ်မရတဲ့ရောဂါလည်းရှိနေပါသေးတယ်။ အဲဒီရောဂါကိုကုဖို့ သူက support groupလို့ခေါ်တဲ့ ရောဂါသည်တွေအချင်းချင်းတွေ့ပြီး တစ်ယောက်အကြောင်းတစ်ယောက်ပြောပြရင်း အချင်းချင်း အားပေးကြတဲ့ အဖွဲ့လိုက်တွေ့ဆုံပွဲမျိုးကို စတက်ပါတော့တယ်။ အဲဒီမှာ သူက support groupတွေသွားရတာကို စွဲလန်းသွားပြီး support groupတော်တော်များများကို လိုက်တက်ပါတော့တယ်။ အဲဒီမှာ သူ့လို ရောဂါလည်းမရှိဘဲ မဆိုင်တဲ့support groupတွေကို လိုက်တတ်နေတဲ့ မာလာဆိုတဲ့မိန်းကလေးနဲ့ တွေ့သွားပါတယ်။ ဒီလိုနဲ့ သူတို့ကsupport groupတွေကို ခွဲပြီးသွားဖို့ ညှိနှိုင်းလိုက်ပါတော့တယ်။ အလုပ်ခရီးစဥ်တစ်ခုက ပြန်လာတဲ့ လေယာဥ်ပေါ်မှာ ဇာတ်လိုက်က တိုင်လာဒါဒန်ဆိုတဲ့ ဆပ်ပြာရောင်းတဲ့ လူထူးလူဆန်းတစ်ယောက်နဲ့ သိသွားပါတယ်။ သူ အိမ်ပြန်ရောက်တော့ သူ့ရဲ့အိမ်က ကိစ္စတစ်ခုကြောင့် ပေါက်ကွဲသွားတာကို သိလိုက်ရတယ်။ ဇာတ်လိုက်က ကြံရာမရဖြစ်ပြီး တိုင်လာကိုဆက်သွယ်ပြီး သူ့အိမ်မှာပေးနေဖို့ တောင်းဆိုလိုက်ပါတယ်။ ဘဝကို ငြီးငွေ့နေတဲ့သူတို့နှစ်ယောက်က မြေအောက် လက်ဝှေ့ကလပ်သဘောမျိုးဖြစ်တဲ့ Fight clubကိုတည်ထောင်ပြီး တခြားသူတွေနဲ့ ထိုးဝှေ့သတ်ဖြတ်လာပါတယ်။ Fight clubဟာ စည်းကမ်းတင်းကျပ်တဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး တဖြည်းဖြည်းနဲ့ ကြီးမားလာပါတယ်။ အဲဒီလို အင်အားကြီးလာတဲ့ Fight clubကို တိုင်လာဒါဒန်က ဘာစိတ်ကူးနဲ့ စတင်တည်ထောင်ခဲ့တာလဲ၊ နောက်ပိုင်းမှာ တိုင်လာက ဇာတ်လိုက်ကို ဘယ်လိုတွေ ထိန်းချုပ်သွားမလဲ၊ တိုင်လာနဲ့တွေ့ပြီးနောက် ဇာတ်လိုက်က ဘယ်လိုပြောင်းလဲသွားမလဲဆိုတာတွေကိုတော့ ဒီကားလေးမှာ ရှုစားနိုင်ပါတယ်။ ဤဇာတ်ကားကိုအညွှန်းရေးသားပြီး ဘာသာပြန်ပေးသူမှာ Maria ဖြစ်ပါတယ်။