7.2
180,820
...

Video Quality

Blu-ray 1080p

Audio Quality

AC3 5.1

File Size

3 GB

Credit

100

Unbroken (2014)

Action, Biography, Drama

Credits 100

ဖြစ်ရပ်မှန်စစ်ကားတွေကိုကြိုက်နှစ်သက်တဲ့သူတွေအတွက် 2014 မှာထွက်ရှိခဲ့တဲ့အိန်ဂျလီနာဂျိုလီဒါရိုက်တာလုပ်ပြီးရိုက်ကူးခဲ့တဲ့ Unbroken ဆိုတဲ့ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဒီဇာတ်ကားမှာတော့အဓိကအနေနဲ့ဒုတိယကမ္ဘာစစ်မှာစစ်သုံ့ပန်းဖြစ်ခဲ့တဲ့အိုလံပစ်ကစားသမားဟောင်းတစ်ယောက်အကြောင်းကိုရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဒီဇာတ်ကားကိုတော့လူးဝစ်ရဲ့ကလေးဘဝနဲ့စတင်ရိုက်ကူးပြသထားပါတယ်။တိုင်းတစ်ပါးသားဖြစ်လို့တခြားကလေးတွေကဝိုင်းနှိမ်ကြပေမဲ့သူ့ရဲ့ကြိုးစားမှုကြောင့်အိုလံပစ်အပြေးချန်ပီယံတစ်ယောက်ဖြစ်လာခဲ့ပါတယ်။သူစစ်တပ်ထဲမှာတာဝန်ထမ်းဆောင်နေခဲ့ပြီးတစ်ရက်မှာတော့သူ့ရဲ့တိုက်လေယာဉ်ကပစိဖိတ်သမုဒ္ဒရာထဲကိုကျသွားခဲ့ပါတယ်။သူနဲ့သူ့သူငယ်ချင်းနှစ်ယောက်ကအသက်ရှင်ကျန်ခဲ့ကြပြီး ၄၇ ရက်ကြာပြီးတဲ့နောက်မှာဂျပန်ရေတပ်ကသူတို့ကိုစစ်သုံ့ပန်းစခန်းကိုခေါ်သွားခဲ့ပါတယ်။ဒီလိုနဲ့စစ်သုံ့ပန်းအနေနဲ့နှိပ်စက်ခံရတာတွေကိုအံ့တုပြီးလွတ်မြောက်ဖို့ကြိုးစားကြပုံတွေကိုကြည့်ရမဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Eazy ဖြစ်ပါတယ်