4.4
7,605
...

Video Quality

Blu-ray 1080p

Audio Quality

DTS HDMA 5.1

File Size

7 GB

Credit

500

Once Upon a Time in Mumbaai Dobara (2013)

Action, Crime, Drama

Credits 500

Once Upon a Time in Mumbaai Dobaraဇာတ်ကားမှာတော့ အဲလ်စလမ်နဲ့ဒတ်လ်တန်တို့သူငယ်ချင်း၂ယောက်ဟာ ကလေးဘ၀ကတည်းက လမ်းမှာကြီးပြင်းလာရတဲ့ကလေးတွေဖြစ်တယ်။တစ်နေ့တော့သူတို့၂ယောက်ဆီကို ရှိုဟာဟီလို့ခေါ်တဲ့ ဂိုဏ်းစတားတစ်ယောက်က သူ့လူမိုက်ဂိုဏ်းမှာအလုပ်လာလုပ်ပေးဖို့ ကမ်းလှမ်းလာခဲ့တယ်။အဲ့နေ့ကတည်းကအဲလ်စလမ်ဟာ ရှိုဟာဟီအပေါ် တစ်ဘ၀စာလုံးသစ္စာစောင့်သိဖို့ ကျိန်ဆိုခဲ့တယ်။အဲလ်စလမ်အရွယ်ရောက်လာတော့ ရှိုဟာဟီရဲ့ ညာလက်ရုံးဖြစ်လာခဲ့တယ်။ရှိုဟာဟီရဲ့ ရည်မှန်းချက်ကတော့ ဘွန်ဘေတစ်မြို့လုံးကို အပိုင်သိမ်းဖို့ဘဲဖြစ်တယ်။အဲလ်စလမ်ကတော့ သူ့ကယ်တင်ရှင်ရှိုဟာဟီရဲ့ ရည်မှန်းချက်ပြည့်၀အောင် ကူညီပေးနေခဲ့တဲ့အချိန်မှာ ဂျတ်စမင်လို့ခေါ်တဲ့ တက်သစ်စမင်းသမီးတစ်ယောက်က ရှိုဟာဟီနဲ့အဲလ်စလမ်ဘ၀ထဲကို ၀င်ရောက်လာခဲ့တယ်။လိုချင်သမျှကို အပိုင်ရချင်တဲ့ရှိုဟာဟီကလဲ ဂျတ်စမင်ကိုမြင်မြင်ချင်းစိတ်၀င်စားသွားကာ အပိုင်သိမ်းချင်နေခဲ့ပေမဲ့ ဂျတ်စမင်ကတော့ အဲလ်စလမ်ကိုဘဲ ရွေးချယ်ခဲ့တယ်။ဂျတ်စမင်ကြောင့် ရှိုဟာဟီနဲ့အဲလ်စလမ်တို့ သွေးကွဲသွားကာ ရန်သူတွေဖြစ်ခဲ့ရတော့တယ်။အဲစလမ်တစ်ယောက်ကရော သူ့ကျေးဇူးရှင်ရှိုဟာဟီအပေါ်သစ္စာဖောက်နိုင်မလား။အဲလ်စလမ်နဲ့ဂျတ်စမင်တို့ရဲ့ အချစ်ရေးခရီးလမ်းကရော ဖြောင့်ဖြူးပါ့မလားဆိုတာကို ကြည့်ရှူကြပါအုံး။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Nora ဖြစ်ပါတယ်