7.8
611,806
...

Video Quality

Blu-ray 1080p

Audio Quality

TrueHD 5.1

File Size

3.5 GB

Credit

500

The Notebook (2004)

Drama, Romance

Credits 500

လူတော်တော်များများမှာတော့နွေရာသီအချစ်ဇာတ်လမ်းတွေရှိခဲ့ဖူးမှာပါ။နွေရာသီပြီးတဲ့အချိန်မှာအဲ့ဒီအချစ်ဇာတ်လမ်းလေးပြီးဆုံးသွားတာကိုကြုံဖူးကြတဲ့လူတွေလဲရှိကြမှာပါ။အဲ့ဒီနောက်ပိုင်းဘာဆက်ဖြစ်ကြမယ်ဆိုတာကတော့ကိုယ်ကိုယ်တိုင်ရေးရမဲ့ဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ဒီကားလေးထဲမှာလဲအဲ့လိုဆွေးစရာလွမ်းစရာနွေရာသီဇာတ်လမ်းလေးတစ်ပုဒ်ကိုကြည့်ရမှာပဲဖြစ်ပါတယ်။အယ်လီဆိုတဲ့သူဌေးသမီးလေးတစ်ယောက်ကနိုအာဆိုတဲ့သစ်ခွဲစက်မှာအလုပ်လုပ်တဲ့ကောင်လေးတစ်ယောက်ရှိရာမြို့ကိုနွေရာသီမှာအပန်းဖြေခရီးထွက်လာခဲ့ပါတော့တယ်။သိပ်မကြာခင်မှာပဲလူငယ်တွေဖြစ်ကြတဲ့အယ်လီနဲ့နိုအာတို့နှစ်ယောက်သူငယ်ချင်းတွေကောင်းမှုနဲ့ခင်မင်သွားကြပြီးတော့ချစ်ကျွမ်းဝင်သွားပါတော့တယ်။ဒါပေမယ့်ထုံးစံအတိုင်းသူဌေးသမီးနဲ့ဆင်းရဲသားလေးရဲ့ဇာတ်လမ်းတွေအများကြီးထဲကလိုပဲမဖြစ်နိုင်တဲ့အချစ်တစ်ခုဖြစ်တာကြောင့်အယ်လီရဲ့မိဘတွေကအယ်လီ့ကိုနိုအာရဲ့ရင်ခွင်ထဲကဆွဲထုတ်ပြီးမြို့ကိုပြန်သွားခဲ့ပါတော့တယ်။နိုအာကအယ်လီကိုအဲ့ဒီနေ့ကစပြီးတစ်နှစ်တိတိတစ်ရက်ကိုစာတစ်စောင်ပို့ခဲ့ပေမဲ့စာပြန်မလာခဲ့တော့ပါဘူး။ဒီလိုနဲ့နိုအာနဲ့အယ်လီတို့နှစ်ယောက်ကိုယ့်ဘဝကိုယ်ဆက်လှမ်းကြပြီးဘဝတစ်ကွေ့မှာပြန်ကြုံတွေ့လာရတဲ့အခါမှာတော့နွေရာသီဇာတ်လမ်းလေးတစ်ပုဒ်ကဘယ်လိုအဆုံးသတ်သွားမယ်ဆိုတာကိုကြည်နူးစရာဝမ်းနည်းစရာကောင်းစွာကြည့်ရမဲ့ဒရာမာကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Eazy ဖြစ်ပါတယ်