7.6
634,256
...

Video Quality

Blu-ray 1080p

Audio Quality

DTS ES 5.1

File Size

3.7 GB

Credit

300

Deadpool 2 (2018)

Action, Adventure, Comedy

Credits 300

Deadpool ရုပ်ရှင်ဆိုတဲ့အတိုင်း တစ်ကားလုံးက Deadpool ပီသခဲ့တယ်။ အရင်ကားထက်ပိုပြီး ပြောင်၊ ပိုပြီးအရှက်မရှိ၊ ပိုပြီးကြမ်းထားတယ်။ အထူးသဖြင့် Credit scene တွေဆို ရစရာကိုမရှိဘူး။ Plot ပိုင်းမှာ အရမ်းကြီးတော့မရှိ။ ဇာတ်လမ်းရဲ့ ဇာတ်ဝင်ခန်းအများစုက action ရယ် ဓာတ်ပူး မျက်နာပြောင်နေတာရယ်က အဓိက များတယ်။ ကိုဓာတ်ပူးရဲ့ X Force အဖွဲ့ skill ကိုပြထားတာ‌လည်း တော်တော်မိုက်တယ်။ တော်တော်ကိုကြမ်းပြထားနိုင်တယ်။ ထင်မထားဘူး။ Domino နဲ့ Cable ကိုပုံဖော်ထားတာလည်း တော်တေယ်လေးကောင်းတယ်။ Cable လုပ်တဲ့ Thanos ကြီးလည်း သရုပ်ဆောင်လန်ထွက်နေတာပဲ။ မဆီမဆိုင်စဉ်းစားမိတာက Deadpool ဘေးမှာနေရင်း Cable ကြီး မရယ်မိအောင် တော်တော်လုပ်ယူရမလားပဲ။ Deadpool 2 ဟာ တစ်ကားလုံးနီးပါး ဗြင်းနေတာနဲ့ ပြောင်နေတာတွေ ချည်းမို့ လုံးဝ ကြည့်ပျော်တဲ့ ကားတစ်ကားပါ။ Ref လုပ်ပြီး ဟာသတွေထုတ်ထားတာတွေများတဲ့အတွက် အများစုကတော့ အားလုံးနားလည်မှာ မဟုတ်လောက်ဘူး။ And btw, နာမည်ကြီးလှပါတယ်ဆိုတဲ့ မင်းသားတစ်ယောက် cameo ပါသေးတယ်။ သေချာကြည့်ကြည့်ကြပေါ့ဗျ