3.4
6,714
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

2.6 GB

Credit

200

Deep Blue Sea 2 (2018)

Action, Horror, Sci-Fi, Thriller

Credits 200

ငါးမန်းတစ်ကောင်ကို လူအသိဉာဏ်လိုမျိုးအရာတွေထည့်သွင်းပေးလိုက်တဲ့အခါ ဘယ်လိုအကျိုးဆက်တွေရလာမလဲဆိုတာကြည့်လိုက်ရအောင်လား…ငါးမန်းဆိုတာမျိုးကရေဘုရင်လို့တင်စားလို့ရတဲ့အသားစားသတ္တဝါတွေပါ…ဒီလိုအကောင်မျိုးတွေကို လူတွေရဲ့သုတေသနအဖြစ်ရွေးချယ်လိုက်တယ်ဆိုတာကတော့တော်တော်ကိုအန္တရာယ်များတဲ့စွန့်စားမှု့တစ်ခုပါပဲ…ဒါပေမယ့် စူးစမ်းချင်တာကလည်းလူတွေရဲ့သဘာဝမဟုတ်ပေဘူးလား…ဒါကြောင့် ငါးမန်းတွေကိုမွေးမြူပြီးအဖွဲ့လိုက်အမဲလိုက်တတ်အောင်သင်ပေးကြပါတယ်…ငါးမန်းဆိုတာမျိုးကတစ်ကောင်တည်း အစာရှာတတ်တဲ့အမျိုးတွေပါ… ဒီလို အရိုင်းစိုင်းကောင်တွေကို အဖွဲ့လိုက်အမဲလိုက်တတ်အောင်သင်ပေးတာကလည်းတော်တော်ကိုမလွယ်သလို အရမ်းလည်းအန္တရာယ်များတဲ့အလုပ်ပါ….ဒီလိုတိုးတက်လာတဲ့ ငါးမန်းတွေကို လူသားတစ်ယောက်လိုတွေးခေါ်နိုင်အောင်လုပ်ပေးလိုက်တဲ့အချိန်မှာတော့လူတွေက အမဲလိုက်လို့သင်ပေးလိုက်တဲ့ သူတို့ရဲ့ငါးမန်းတွေကသူတို့ကိုပြန်ပြီးတော့ အမဲလိုက်ကြပါတော့တယ်…အဲလိုအမဲလိုက်ကြတဲ့အခါမှာတော့ ပင်လယ်ပြင်ရေအောက်စခန်းမှာပိတ်မိနေကြမယ့် လူသားတစ်စုရဲ့ အသက်ရှင်လှုပ်ရှားမှု့တွေကိုစိတ်လှုပ်ရှားကြောက်လန့်ဖွယ်မြင်ရမှာပဲဖြစ်ပါတယ်…