5.1
56,171
...

Video Quality

Blu-ray 1080p

Audio Quality

DTS HDMA 5.1

File Size

6 GB

Credit

500

Stealth (2005)

Action, Adventure, Sci-Fi

Credits 500

App ထဲကနေ Movie Request လုပ်ထားတဲ့ကားတွေထဲက တစ်ကားဖြစ်တဲ့ Stealth လေးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ် AI တွေ ထွန်းကားလာတာကို US. Navyနဲ့ ယှဉ်တွဲဖော်ပြထားတဲ့ အက်ရှင်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ AI ကြောင့် တတိယကမ္ဘာစစ် ဖြစ်လုဆဲဆဲအခြေ‌အနေကို တားဆီးရတဲ့ လေယာဉ်မှူးသုံးယောက်က အဓိက ဇာတ်ကောင်တွေပါ။ ဒီကားထဲမှာ မြန်မာနိုင်ငံရန်ကုန်မြို့ကိုလည်း အကြမ်းဖက်သမားတွေ စုဝေးတဲ့နေရာအဖြစ် ထည့်သွင်းထားပါတယ်။ ရေတပ်ဒုဗိုလ်တွေဖြစ်တဲ့ ဘန်၊ ဟင်နရီနဲ့ ခါရာတို့က မစ်ရှင်တွေကို အောင်အောင်မြင်မြင်ပြီးဆုံးခဲ့တဲ့ ခူးချွန် pilot တွေပါ။ သူတို့သုံးယောက် အတွဲညီညီလှုပ်ရှားခဲ့တာကို ကပ္ပတိန်က အက်ဒီလို့ခေါ်တဲ့ ကွန်ပျူတာနဲ့မောင်းတဲ့ ဖိုက်တာဂျက်ကိုပါ အဖွဲ့ထဲ ထည့်လိုက်ပါတယ်။ အက်ဒီကို AI ထည့်ထားပြီး ဘန်တို့ တိုက်ခိုက်တာကို သင်ယူဖို့ စေလွှတ်လိုက်တာပါ။ ကံဆိုးပြီးတော့ ဘန်တို့ မစ်ရှင်အပြီး ပြန်လာတဲ့အချိန် မိုးကြိုးပစ်ခံရလို့ အက်ဒီရဲ့AI က သူ့ဟာသူတွေးခေါ်တတ်သွားပြီး အမိန့်မနာခံဘဲ ပုန်ကန်ပါတော့တယ်။ သူ့ဟာသူ ပစ်မှတ်တွေရှင်းပြီး ရုရှား မြောက်ကိုရီးယား ပါကစ္စတန်စတဲ့ တကယ့် ခေါင်နေရာ‌ကြီးတွေဆီ အစုံရောက်သွားလို့ ဘန်တို့၃ယောက်က လိုက်ခေါ်ရတာကို စိတ်ဝင်စားဖွယ် ကြည့်ရမှာပါ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Shune Lai KK ဖြစ်ပါတယ်