"သေရမှာကြောက်တာက ရှက်စရာမဟုတ်ဘူး အချည်းနှီးသေတာကမှ ရှက်စရာ" လို့ခံယူထားပြီး စစ်ပွဲထဲမှာသေချင်ယောင်ေဆာင်ေနခဲ့လို့ အသက်ရှင်ကျန်ခဲ့တဲ့ လျန်ပြည်က စစ်သားတစ်ယောက်ဟာ "စစ်ပွဲမှာ အသက်စွန့်ရတာက ဂုဏ်ယူစရာပဲ" လို့ခံယူထားတဲ့ ဝေ့ပြည်က စစ်သူကြီးတစ်ယောက်ကို မြေငါးဧကနဲ့ လဲဖို့ အရှင်ဖမ်းခေါ်လာခဲ့တယ်။ တစ်ယောက်က ဖခင်ဖြစ်သူရဲ့စကားေတွကို အမြဲမှတ်ရနေ ညီအစ်ကိုတွေကို သတိရ စစ်တိုက်စရာမလိုဘဲ အေးအေးချမ်းချမ်းနဲ့ပဲ လယ်လုပ်စားချင်သူတစ်ယောက်။ နောက်တစ်ယောက်ကတော့ ညီအစ်ကိုတွေသာ မရှိခဲ့ရင် ပိုကောင်းမှာ ငြိမ်းချမ်းရေးရဖို့ စစ်တိုက်မယ် ဂုဏ်သိက္ခာရှိရှိသေမယ်ဆိုတဲ့သူ တစ်ယောက်။ လျန်ပြည်က စစ်သားဟာ ဝေ့ပြည်က ဒဏ်ရာရနေတဲ့စစ်သူကြီးကို ဖမ်းခေါ်လာပြီး လျန်ပြည်ကိုပြန် ဆုကြေးထုတ်ဖို့ ခေါ်သွားရာကနေ လမ်းတစ်လျှောက်လုံး အခက်ခဲများစွာနဲ့ကြုံတွေ့ရပြီး လျန်စစ်သား အိမ်ပြန်ရောက်နိုင်မလားဆိုတာကတော့.....
ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Su ဖြစ်ပါတယ်