ဒီတစ်ခါတော့ ရိုမီယိုနဲ့ဂျူးလီးယက်ဆန်ဆန် Musical Film လေးနဲ့မိတ်ဆက်ပေးမှာပါ။ ၁၉၅၇ခုနှစ်အချိန်ကို နောက်ခံထားဇာတ်အိမ်တည်ထားတာဖြစ်ပြီး Music style တွေကလည်း Classical Music ပိုင်းကိုဦးစားပေးထားတာဖြစ်လို့ မတူညီတဲ့ပုံစံအသစ်အဆန်းတစ်ခုလိုမျိုးခံစားရမှာအမှန်ပါပဲ။
နယူးယော့ခ်မြို့ရဲ့ဆင်ခြေဖုံးရပ်ကွက်အချို့မှာ နွမ်းပါးတဲ့အမေရိကန်လူမျိုးတစ်ချို့နဲ့ တစ်ရွာမပြောင်းသူကောင်းမဖြစ်လို့ နယ်မြေပြောင်းလာတဲ့ မဟန်တန်ကျွန်းက စပိန်မျိုးနွယ်ဝင်ပွာတိုရီကိုလူမျိုးတွေရဲ့ နယ်မြေလုပွဲကိုအခြေခံထားတဲ့အချစ်ဇာတ်လမ်းလေးပါ။
မတူညီမှုကြောင့် ရန်ဘက်ဖြစ်နေတဲ့မျိုးနွယ်နှစ်ခုကြားက အထက်တန်းကျောင်းကပွဲမှာတွေ့ဆုံခဲ့တဲ့ တိုနီနဲ့ မာရီယာတို့ရဲ့အချစ်ဇာတ်လမ်း။ အမေရိကန်ယန်ကီတွေဆိုအမုန်းကြီးမုန်းတီးနေတဲ့ မာရီယာရဲ့အစ်ကို ဘာနာဒိုနဲ့ နယူးယော့ခ်ကို ပွာတိုရီကိုတွေနယ်လာချဲ့တယ်လို့အထင်ရောက်နေတဲ့ တိုနီရဲ့ငယ်သူငယ်ချင်းရစ်ဖ်တို့ကြားက ပြင်းထန်တဲ့ရန်ပွဲကြောင့် တိုနီနဲ့မာရီယာတို့ရဲ့အချစ်ဇာတ်လမ်းရော အဆုံးသတ်ကောင်းနိုင်ပါ့မလား?
ဒီဇာတ်ကားအတွက်အညွှန်းနဲ့ဘာသာပြန်သူကတော့ Erika Sean ဖြစ်ပါတယ်။