7.1
2,747
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

3.1 GB

Credit

200

One Nite in Mongkok (2004)

Crime, Drama

Credits 200

လူအများအပြားလှုပ်ရှားသွားလာနေကြတဲ့ ဟောင်ကောင်မှာ လူဆိုးဂိုဏ်းနှစ်ဂိုဏ်းရဲ့ ရန်ပွဲကနေ ဂိုဏ်းခေါင်းဆောင်ရဲ့သားဖြစ်သူ သေသွားခဲ့ပါတယ်။ ဒါကိုမကျေနပ်တဲ့ တစ်ဖက်ဂိုဏ်းခေါင်းဆောင်ဟာ သူ့သားကိုသတ်သွားတဲ့လူကို ပြန်သတ်ဖို့အတွက် ​ကြေးစားလူသတ်သမားတစ်ယောက်ငှားလိုက်ပါတယ်။ ကြေးစားလူသတ်သမားအလုပ်ကို လက်ခံလိုက်သူကတော့ Lai Fu ဆိုတဲ့ ရွာလေးတစ်ရွာက ကောင်လေးတစ်ယောက်ပါ။ ဒီအလုပ်ဟာ သူ့ရဲ့ပထမဆုံးလူသတ်ရမဲ့အလုပ်ပါ။ သူတစ်ချိန်ကချစ်ခဲ့ဖူးတဲ့မိန်းကလေးကိုရှာရင်း ပိုက်ဆံရအောင် ဒီအလုပ်ကိုလက်ခံဖို့ ဟောင်ကောင်ကိုတက်လာခဲ့ပါတယ်။ ဟောင်ကောင်ကိုရောက်တဲ့အချိန်မှာ ပြည့်တန်ဆာမလေးတစ်ယောက်နဲ့ ဆုံတွေ့ပါတော့တယ်။ အဲဒီမိန်းကလေးနဲ့ဆုံတွေ့ခဲ့တဲ့ တစ်ရက်တာအတွင်း တွေ့ကြုံမဲ့ အခက်အခဲတွေ အပြောင်းအလဲတွေ ဟောင်ကောင်မြို့ရဲ့ တစ်ချို့သောလူတန်းစားတွေအကြောင်းကို ရိုက်ကူးပြထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်သူကတော့ Ei Thinzar Nyein ဖြစ်ပါတယ်။