6.8
6,609
...

Video Quality

Blu-ray 1080p

Audio Quality

AC3 5.1

File Size

2.8 GB

Credit

100

Fabricated City (2017)

Action, Crime, Thriller

Credits 100

ဒီဇာတ်ကားလေးကတော့ ၂၀၁၇ခုနှစ်က ထွက်ရှိခဲ့တဲ့ Ji Chang Wook ရဲ့ အက်ရှင် မှုခင်းကားလေးပဲ ဖြစ်ပါတယ်။ ဂွမ်ယူ (Ji Chang Wook) ဟာ နိုင်ငံ့လက်ရွေးစင် တိုက်ကွမ်ဒို အားကစားသမားဖြစ်ပြီး ကိုယ်ထိလက်ရောက် ကျူးလွန်မှုကြောင့် အသင်းကနေ ထုတ်ပယ်ခံခဲ့ရသူပါ။ အဲဒီနောက်ပိုင်းမှာ စိတ်လေနေခဲ့တဲ့ ဂွမ်ယူဟာ အလုပ်မည်မည်ရရ မလုပ်ဘဲ ဂိမ်းထဲမှာပဲ ကိုယ်ပိုင်ကမ္ဘာလေး ဖန်တီးပြီးနေတဲ့ ဂိမ်းစွဲသူတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ သူနဲ့ ဂိမ်းကစားနဲ့ ရင်းနှီးခဲ့တဲ့ အဖွဲ့သားတွေ ရှိခဲ့ပေမယ့် ဂွမ်ယူက သူ့ရဲ့ လက်ရှိဘဝအပေါ် စိတ်မလုံတာကြောင့် သူတို့နဲ့ အပြင်မှာမတွေ့ခဲ့ပါဘူး။ တစ်နေ့မှာတော့ ဂွမ်ယူတစ်ယောက် အကွက်ဆင်ခံရပြီး အသက်မပြည့်သူကို မုဒိမ်းကျင့်ပြီး သတ်ဖြတ်မှုနဲ့ တစ်သက်တစ်ကျွန်း ထောင်ကျခဲ့ရပါတယ်။ သူ့ကို ထောင်ထဲကထုတ်ပေးပြီး အပြစ်မရှိကြောင်း သက်သေပြဖို့ အကြိတ်အနယ်ကြိုးစားနေတဲ့ သူ့အမေ သေဆုံးသွားတဲ့နောက်မှာ ဂွမ်ယူက ထောင်ကနေ ထွက်ပြေးခဲ့ပြီး နာမည်ပျက်ကို ကိုယ်တိုင်ရှင်းဖို့ ကြိုးစားခဲ့တယ်။ ထောင်ပြေးအဖြစ်နဲ့ တစ်ယောက်တည်း ဒုက္ခရောက်နေချိန်မှာ ဘယ်လိုမှထင်မှတ်မထားတဲ့ သူ့ရဲ့ ဂိမ်းကစားဖော်မိတ်ဆွေတွေက သူ့ကို ကူညီပြီး နာမည်ပျက်ကို ရှင်းပေးဖို့ လက်ကမ်းလာခဲ့ကြတယ်။ သူ့မိတ်ဆွေတွေရဲ့ အကူအညီနဲ့ အမှုကို တူးဖော်လိုက်တဲ့အခါ ကိစ္စအားလုံးရဲ့နောက်ကွယ်မှာ ကြိုးကိုင်နေသူက လုံးဝထင်မှတ်မထားတဲ့သူ ဖြစ်နေပါတော့တယ်။ ဂွမ်ယူတစ်ယောက် ကြိုးကိုင်သူကို အနိုင်ယူပြီး နာမည်ပျက်ကို ရှင်းလင်းနိုင်မလားဆိုတာကိုတော့ Fabricated City ဆိုတဲ့ ဇာတ်ကားလေးမှာ ကြည့်ရှုခံစားလိုက်ကြပါဦး။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ June Rose ဖြစ်ပါတယ်