6.5
126,809
...

Video Quality

Blu-ray 1080p

Audio Quality

DTS HDMA 7.1

File Size

4.7 GB

Credit

500

The Hunt (2020)

Action, Horror, Thriller

Credits 500

လူကုံထံလူတစ်စုရဲ့ Group Chat တစ်ခုတွင် အိမ်တော်ကြီးမှာအမဲလိုက်ခြင်းနဲ့ပတ်သတ်ပြီ အပြန်အလှန်ပြောဆိုပြီးမကြာခင်မှာ …. တစ်ယောက်နဲ့တစ်ယောက်မသိကြတဲ့ နေရာစုံက လူ ၁၁ ယောက်ဟာ ဘယ်ရောက်လို့ဘယ်ပေါက်မှန်းမသိတဲ့နေရာတစ်ခုမှာနိုးလာကြတယ်။ သူတို့ကိုဘာလို့ရွေးချယ်ထားတာလဲ ဘာလို့ဒီကိုရောက်နေတာလဲ ဘယ်သူမှသေချာမသိကြပါဘူး။ လက်နက်သေတ္တာကြီးထဲမှာ လက်နက်တွေကိုစယူလိုက်တာနဲ့ အမဲလိုက်ပွဲကစတင်ပြီး တစ်ယောက်ပြီးတစ်ယောက် ရက်ရက်စက်စက် အသတ်ခံကြရတယ်။ ဒါပေမယ့် သားကောင် ကနေမုဆိုးအဖြစ်ပြန်ပြောင်းသွားတဲ့အခါမှာ ဖုံးကွယ်ထားတဲ့အကြောင်းအရင်းတွေထွက်ပေါ် လာပါတယ်။ ဒီကိစ္စတွေဖြစ်ရတဲ့ အကြောင်းအရင်းအစစ်အမှန်ဟာ ချယ်ရီသင်းသီချင်းလေးလို “လိုက်လို့ပြေးတာလား ပြေးလို့လိုက်တာလား” နဲ့မုန့်လုံးစက္ကူကပ် ဖြစ်နေလို့ သေချာနားလည် အောင်လို့ဇာတ်လမ်းလေးပဲကြည့်လိုက်ကြပါတော့နော်။ ဇာတ်လမ်းစစချင်းမှာပဲ သွေးသံတရဲရဲနဲ့ ထိတ်လန့်ဖွယ်ရာတွေမြင်တွေ့ရမှာဖြစ်ပြီး တစ်ယောက်သေတိုင်း ဟာခနဲ ဟင်ခနဲ ဖြစ်ရမယ့် IMDb 6.4 ရထားတဲ့ဇာတ်ကားမျိုးလေးဖြစ်ပါတယ်။