4.6
8,713
...

Video Quality

Blu-ray 1080p

Audio Quality

DTS HDMA 5.1

File Size

8 GB

Credit

500

Veer (2010)

Action, Adventure, Drama

Credits 500

1872ခုနှစ်က မက်ဟာဂါ့ဟ်အိမ်ရှေ့ဘုရင်က ကျူးကျော်သူဗြိတိသျှတွေနဲ့ပေါင်းကာ ပန်ဒါးလူမျိုးတွေကို လှည့်စားပြီး ပန်ဒါးပေါင်း‌အယောက်(4500)ကို သတ်ဖြတ်ခဲ့ပါတယ်။ အဲ့အတွက်ကြောင့် ပန်ဒါးခေါင်းဆောင် ပရစ်ဗီတစ်ယောက် လူမျိုးအတွက် လက်စားချေနိုင်ဖို့အတွက် ကြိုးစားရင်း သားလေးမွေးတဲ့အရာ ရဲရင့်မှုနဲ့ ဦးတည်ချက်လို့ အမည်ရတဲ့ ဗီးရာဆိုပြီး အမည်တပ်ခဲ့ပါတယ်။ ဗီးရာအရွယ်ရောက်လာတဲ့အခါမှာတော့ ဗီးရာနဲ့ ပွန်းနရာကို စစ်ရေးနည်းဗျူဟာတွေ သင်ယူဖို့နဲ့ အသိဉာဏ်ကျယ်စေဖို့အတွက် လန်ဒန်ကို လွှတ်ကာ စစ်ပညာသင်ယူစေခဲ့ပါတယ်။ အဲ့အခါမှာတော့ တစ်ခါက ဆုံခဲ့ဖူးတဲ့ ကောင်မလေးယာရှိုနဲ့ ပြန်လည်တွေ့ဆုံခဲ့ရပေမဲ့လည်း ဗီးရာသဘောကျတဲ့မိန်းမပျိုလေးက ရန်သူ့တိုင်းပြည် မက်ဟာဂါ့ဟ်က မင်းသမီးလေးဖြစ်နေခဲ့ပါတယ်။ မင်းသမီးလေးအတွက် တစ်ဖက်က ဖခမည်းတော် တစ်ဖက်က ချစ်ရတဲ့သူကြား ရွေးချယ်စရာဖြစ်လာတဲ့အခါ ဘယ်အချက်ပေါ်မူတည်ပြီး ရွေးချယ်မလဲ ။အဲ့အပြင် အစ်ကိုတော် ဆုံးပါးသွားတဲ့အတွက် ထီးနန်းကိုပါ လက်ခံဖို့ အိမ်ရှေ့မင်းသမီးလေးအရိုက်အရာကိုပါ ဆက်ခံလိုက်ရတဲ့အခါမှာတော့ ကျင့်ဝတ်တွေပါ လက်ခံလာရမယ့်အချိန်မှာ ဘယ်လိုတွေဆက်ဖြစ်မလဲ ပန်ဒါးခေါင်းဆောင် ပရစ်ဗီကကော သူ့လူမျိုးအတွက် လက်စားချေပြီး နယ်ချဲ့နဲ့ သစ္စာဖောက်တွေကို နိုင်ငံကနေ နှင်ထုတ်နိုင်ပါ့မလား ဗီးရာကကော ဖခင်ဆန္ဒကိုဖြည့်ဆည်းနိုင်ပါ့မလား ဆိုတာကို ကြည့်ရှူရမယ့် ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ဤဇာတ်ကားကိုအညွှန်းရေးပေးပြီး ဘာသာပြန်ပေးသူမှာ Iris ဖြစ်ပါတယ်။