ဒီကားလေးကတော့ မင်းသားကြီး Robert Downey Jr ပါတဲ့ တကယ့်အနှစ်သာရတွေကိုမှ ကြည့်ရှူချင်တဲ့လူများအတွက် ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ ဥပဒေကို မလေးစားဘဲ ပိုက်ဆံရရင် ရသလို အပြစ်ရှိတဲ့လူတွေဘက်ကပဲအမှုလိုက်ပပေးတဲ့ ရှေ့နေဟန့်တစ်ယောက် တစ်နေ့တရားခွင်တစ်ခုမှာ အမေဖြစ်သူဆုံးပါးသွားတော့ အနှစ် ၂၀ လောက်မပြန်ဖြစ်တဲ့ နယ်မြို့လေးကိုပြန်သွားပါတော့တယ်။ ဟန့်အဖေကလည်း သူတို့မြို့လေးရဲ့ တရားသူကြီးတစ်ယောက်ဖြစ်ပြီး သား ၃ ယောက်ရှိတဲ့အထဲ ဟန့်ကတော့ အဆိုးဆုံးနဲ့ သူနဲ့မတည့်ဆုံး အမြဲရန်ဖြစ်နေတဲ့အလတ်ကောင်ပေါ့နော် အမေဖြစ်သူ အသုဘချပြီးတော့ ပြန်ဖို့လေယာဉ်ပေါ်တက်နေတဲ့အချိန်မှာတင် အဖေဖြစ်သူကိုလူသတ်မှုနဲ့ ဖမ်းခံထားရကြောင်းဖုန်းရတဲ့အချိန် သူပြန်ဆင်းပြီး ဘယ်လိုတွေဖြေရှင်းကြမလဲ မတည့်တဲ့အဖေနဲ့သားနှစ်ယောက် တကျက်ကျက်နဲ့ ဘယ်လိုတွေဒီအမှုကို စခန်းသွားကြမလဲဆိုတာ ဥပဒေအကြောင်းတွေ သားအဖနှစ်ယောက်ကြားထဲကမဖော်ပြတဲ့မေတ္တာတရားလေးတွေကို ရိုက်ကွက်ကောင်းကောင်းလေးတွေနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။
ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Thansin ဖြစ်ပါတယ်