ဘော့လီဆွက်ဂါဟာ အမေရိကန်နိုင်ငံရဲ့တပ်ကြပ်တစ်ဦးဖြစ်ပြီး အာဖရိကစစ်ဆင်ရေးတစ်ခုမှာ သူငယ်ချင်းလည်းဖြစ် ထောက်လှမ်းရေးသမားလည်းဖြစ်တဲ့ သူငယ်ချင်းကိုဆုံးရှုံးလိုက်ရတဲ့အတွက် အငြိမ်းစားယူလိုက်ပါတယ်
တစ်နေ့မှာတော့ သူ့ကိုဗိုလ်မှူးဂျွန်ဆင်ဆိုတဲ့လူက သမ္မတလုပ်ကြံမှုကိုတားဆီးဖို့ အကူအညီတောင်းတဲ့အတွက် ကူညီပေးခဲ့ပေမဲ့
သူ့ကိုလူသတ်တရားခံအဖြစ်ချောက်ချဖို့လုပ်ထားတဲ့ ထောင်ချောက်ဖြစ်နေခဲ့ပါတယ်
ဒီလိုနဲ့ ဘော့လီဆွက်ဂါတစ်ယောက် လူသတ်တရားခံအဖြစ်စွပ်စွဲခံရတာကနေ လွတ်မလား...တကယ်လုပ်ကြံခဲ့တဲ့သူကိုရော ဖမ်းမိပါ့မလား... ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲကြည့်ရှုလိုက်တော့နော်
ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Fiona ဖြစ်ပါတယ်