7.6
177,728
...

Video Quality

Blu-ray 1080p

Audio Quality

DTS HDMA 5.1

File Size

3.1 GB

Credit

500

Searching (2018)

Drama, Mystery, Thriller

Credits 500

အမေရိကန်ဖွား ကိုရီးယားလူမျိုးဖြစ်တဲ့ David Kim မှာ Margot Kim ဆိုတဲ့ ၁၆ နှစ်အရွယ် ကျောင်းသူသမီးလေး ရှိပါတယ်။သမီးလေး ၈ တန်းကတည်းက ဇနီးသည်ဆုံးသွား ခဲ့လို့ သားအဖနှစ်ယောက်ပဲ ကျန်ခဲ့ပါတယ်။ တစ်ညမှာ Margot က သူမရဲ့သူငယ်ချင်းအိမ်ကို စာစုကျက် ရအောင် ညအိပ်သွားပါတယ်။ နောက်တနေ့ နံနက် David အိပ်ရာထတော့ ညသန်းခေါင်အချိန်လောက်မှာ သူ့သမီးက ဖုန်း (၃) ကြိမ်ခေါ်ထားတဲ့ missed call တွေ တွေ့ရတယ်။ သူ ဖုန်းပြန်ဆက်တော့ မကိုင်တော့လို့ voice message တွေပဲ ပို့ထားလိုက်တယ်။ညနေ မှောင်တဲ့အထိ ဖုန်းမကိုင်ပဲ အဆက်အသွယ်ပြတ်နေတဲ့အတွက် David စိတ်ပူလာပြီး ကျောင်းကို ဖုန်းဆက်ကြည့်တဲ့အခါ Margot တစ်ယောက် တစ်နေကုန် ကျောင်းမတက်ဘူးလို့ သိရတယ်။ နောက်နေ့အထိ အဆက်အသွယ် မရတော့ David က ရဲကို လူပျောက်တိုင်လိုက်တယ်။သမီးကျန်ခဲ့တဲ့ laptop လေးကို ဖွင့်ကြည့်ပြီး social media တွေကနေတဆင့် မွှေနှောက် ရှာကြည့်တော့ Margot နဲ့ ပတ်သက်ပြီး ထူးဆန်းတာတွေ တွေ့ရတယ်- ၁။ Margot ဟာ Facebook ၊ Tumblr ၊ YouCast၊ Instagram စတဲ့ social media အများအပြားကို account ဖွင့်ပြီး သုံးနေပေမယ့် သူငယ်ချင်းအရင်းမရှိ ဘဲ မေးထူးခေါ်ပြောလောက်ဘဲ လုပ်ထားတာတွေ့တယ်။ ၂။ ညနေကျောင်းဆင်း ပုံမှန်တက်နေကျ စန္ဒယားသင်တန်း ကိုလည်း ဆက်မတက်တော့တာ ၆ လကျော်ပြီ။ထူးဆန်း တာက သင်တန်းမတက်ပေမယ့် David ဆီက သင်တန်း ကြေး ပုံမှန်တောင်းနေတယ်။ ၃။ ညစာစုကျက်တဲ့ သူငယ်ချင်းအိမ်က ည ၉ နာရီလောက်မှာ Margot ပြန်သွားခဲ့တယ်။ ည ၁၁ နာရီမှာ ကားဆီဖြည့် ပြီး မြို့ပြင်ကို မောင်းထွက်သွားတာ CCTV မှတ်တမ်းတွေ မှာ တွေ့ရတယ်။ ၄။ Tumblr နဲ့ Instagram မှာလည်း မှန်းဆရခက်တဲ့ ရှုခင်းပုံတွေ အများစုတင်ထားတာ တွေ့ရတယ်။သူမရဲ့ post တွေက အထီးကျန်နေသလိုလို၊စိတ္တဇဆန်သလိုလို post တွေ ဖြစ်နေတယ်။ ၅။ Margot ဟာ အခြားနာမည်တစ်ခုနဲ့ ယာဉ်မောင်းလိုင်စင် အပိုတစ်ခု လုပ်ထားတာလည်း ရဲက စုံစမ်းတွေ့ရှိရတယ်။ ဘာရည်ရွယ်ချက်နဲ့ လုပ်ထားမှန်း David စဉ်းစားလို့ မရဘူး။ ၆။ Margot ဟာ online ကနေ ငွေအလွှဲအပို့ လုပ်တဲ့ application တစ်ခုကို သုံးပြီး account တစ်ခုကို တစ်လ ဒေါ်လာ ၁၀၀ နှုန်း လွှဲပေးထားတယ်။ငွေလွှဲပေး တဲ့ account ကလည်း deactivate လုပ်ထားတော့ ဘယ်သူဘယ်ဝါမှန်း မသိရဘူး။ စုံစမ်းရရှိတဲ့ အချက်အလက် ၊ အထောက်အထားတွေအရ ရဲကတော့ Margot တစ်ယောက် အိမ်ကနေ ထွက်ပြေး သွားတယ်လို့ ယူဆတယ်။ အဲဒါကို David လက်မခံနိုင်ဘူး။ သူ့သမီးဟာ ထွက်ပြေးဖို့ အကြောင်းလုံးဝမရှိဘူးလို့ David ယုံကြည်တယ်။ အဲဒါကြောင့်မို့ သမီးဘာဖြစ်သွားလဲ အဖြစ်မှန်ကို သိရဖို့ David တစ်ယောက် Margot ရဲ့ account တွေထဲ ပိုက်စိတ်တပ်ပြီး သဲလွန်စတွေ ရှာပါတော့တယ်။ သမီးရဲ့ friend list ထဲက သူငယ်ချင်းတွေ၊ သမီးတင်ထားတဲ့ post တွေ၊ ဓာတ်ပုံတွေ၊ live video တွေစတဲ့ online activity တွေကို တစ်ခုချင်း သေချာကြည့်ပြီး သံသယဖြစ် စရာ account ပိုင်ရှင်တွေ၊ မသင်္ကာစရာ comment၊ chat တွေ၊ ထူးဆန်းတဲ့ အပြုအမူတွေကို ဖော်ထုတ်ပြီး အဖြစ်မှန်ကို သိအောင် ကြိုးစားရပါတော့တယ်။ Davidအနေနဲ့ သူ့သမီးကို ရှာဖို့အပြင် Margot ရဲ့ထူးဆန်း တဲ့လုပ်ရပ်တွေဟာ ဘာရည်ရွယ်ချက်လဲ၊သမီး ဘာဖြစ်နေလဲ၊ ဘာတွေ လုပ်နေတာလဲစတဲ့ ပဟေဠိတွေကိုပါ တပြိုင်နက် အဖြေရှာရမှာပါ။ ================================== Open Windows ၊ Unfriended တို့လို ဇာတ်လမ်းမျိုး နှစ်သက်သူတွေ သေချာပေါက်သဘောကျမယ့် ရုပ်ရှင်ပါပဲ။ ဇာတ်ကားအစအဆုံး computer monitor ပေါ်နဲ့ ဖုန်း screen မှာပဲ ရိုက်ပြသွားတယ်။ Margot မွေးတဲ့အချိန် ကနေ ဇာတ်လမ်းအဆုံးအထိ အဖြစ်အပျက်တွေအားလုံးကို YouTube၊ Facebook ၊ Twitter ၊ Instagram ၊ Tumblr ၊ YouCast ၊ Google ၊ GMail ၊ Face Time ၊ Google Map စတဲ့ application တွေ ၊ search engine တွေ၊ website တွေနဲ့ပဲ ပြသသွား ပါတယ်။ တင်ဆက်ထားပုံ idea လည်း အရမ်းမိုက်ပါတယ်။ screen ပေါ်မှာပဲ ပြီးသွားလို့ ပျင်းစရာကောင်းမယ်၊ဇာတ်ကောင်တွေရဲ့ စရိုက်တွေ မပေါ်လွင်ဘူးတော့ မထင်လေနဲ့။ အစကနေအဆုံး အထိ ထိုင်ရာကမထ ကြည့်ချင်အောင် ဆွဲဆောင်နိုင်တဲ့ ရုပ်ရှင် ကားပါ။ အဓိကဇာတ်ဆောင် David ကွန်ပျူတာမှာ click တစ်ချက်နှိပ်လိုက်တိုင်း၊ message တစ်ခု ဝင်လာတိုင်း၊ notification တစ်ခု ပေါ်လာတိုင်း၊ monitor ပေါ်မှာ pointer လေး ဝဲလာတိုင်း ဘာဆက်ဖြစ်မလဲ၊ ဘာတွေများ ထပ်ပြီး တွေ့ဦးမလဲဆိုတဲ့ စိတ်နဲ့ ရင်တမမ ကြည့်ရမှာပါ။ မဖြစ်မနေ ပြသရတဲ့ outdoor ခန်းတွေကို YouTube နဲ့ သတင်း site တွေက live video လေးတွေကနေတဆင့် လိမ္မာပါးနပ်စွာ ပြထားပါတယ်။ဇာတ်လိုက် David Kim က ကွန်ပျူတာ၊မိုဘိုင်းဖုန်းတို့ကို တကားလုံး အသုံးပြုပြီး သူ့သမီး ကို ရှာတဲ့ ဇာတ်လမ်းဖြစ်ပေမယ့် ရှုပ်ထွေးတဲ့ နည်းပညာတွေ၊ ပညာရပ်တွေလည်း မပါပါဘူး။David ဟာ hacker လည်း မဟုတ်၊ programmer လည်း မဟုတ်၊ သူလိုကိုယ်လို သာမာန် end-user တစ်ယောက်ပါပဲ။ သမီးဇောကြောင့် တွန်းအားတစ်ခုဖြစ်လာပြီး အသေးအဖွဲလေးကအစ သတိ မူမိတတ်တဲ့ သူ့အမူအကျင့်ကြောင့် ရှုပ်ထွေးဆန်းကြယ်တဲ့ လူပျောက်မှုကို တစစခြေရာကောက်သွားပုံက ယုတ္တိကျသလို စိတ်ဝင်စားစရာလည်း အရမ်းကောင်းပါတယ်။ထင်မှတ်မထား တဲ့ plot twist လေးတွေကလည်း အရမ်းမိုက်ပါတယ်။ ၂၀၁၈ ခုနှစ်ထွက်တဲ့ thriller ရုပ်ရှင်တွေထဲမှာ ထူးခြားပြီး တင်ဆက်ပုံ idea အရမ်းလန်းတဲ့ ရုပ်ရှင်ကားမို့ မကြည့်ရ သေးသူများအတွက် လက်တို့ညွှန်းလိုက်ပါရစေ။