6.2
73,567
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

3.2 GB

Credit

200

The Eagle (2011)

Action, Adventure, Drama

Credits 200

ဂုဏ်သိက္ခာဆိုတာကို လူတွေက ပေတံအမျိုးမျိုးနဲ့တိုင်းကြတယ် စစ်သားတစ်ယောက်အတွက်တော့ တိုက်ပွဲတိုင်းကို အနိုင်ရတာက အင်မတန်ဂုဏ်သိက္ခာရှိတဲ့ ဂုဏ်ယူရာကိစ္စပဲပေါ့ ဒါပေမဲ့ ရှုံးနိမ့်ခဲ့ရင်ရော... မားကပ်စ်ရဲ့အဖေက နဝမမြောက်တပ်ကြီးကို ဦးဆောင်ရတဲ့ ပထမဆုံးတော့တပ်ခွဲမှူးပေါ့။ တိုက်ပွဲတိုင်းကိုလည်း အောင်မြင်ခဲ့ပြီး ရောမသားတို့စံထားရတဲ့သူပါ။ ဒါပေမဲ့ မြောက်ပိုင်းကို လင်းယုန်ရုပ်ထုကိုယူဆောင်ပြီး တပ်သား ငါးထောင်ကျော်နဲ့စစ်ချီတဲ့အချိန်မှာ ပျောက်ချင်းမလှပျောက်သွားခဲ့ရတယ်။ ရောမသားတို့စံထားရတဲ့သူက လူတွေပါးစပ်ဖျားမှာ ပျက်ရယ်ပြုခံရတဲ့သူဖြစ်လာခဲ့တော့တယ်။ ဒါကြောင့် မားကပ်စ်က အဖေဖြစ်သူရဲ့ဂုဏ်သိက္ခာကို ပြန်ဆယ်ပေးဖို့ စစ်သားလုပ်ခဲ့တယ်။ ဒါပေမဲ့ တိုက်ပွဲမှာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့လို့ တပ်ကထွက်လိုက်ရတယ်။ မားကပ်စ်ကတော့ သူ့အဖေရဲ့ဂုဏ်ကိုပြန်ဆယ်ပေးဖို့ လက်မလျှော့ခဲ့ဘူး။ သူ့အဖေရဲ့တပ်နဲ့ လင်းယုန်ရုပ်တု ပျောက်သွားတဲ့မြောက်ပိုင်းက လူရိုင်းတွေဆီကိုသွားပြီး ရုပ်တုကိုပြန်ရှာဖို့ လုပ်ခဲ့တယ်။ အဲဒီမြောက်ပိုင်းက ရောမသားတစ်ယောက်အနေနဲ့ ဘယ်လိုမှ အသက်မရှင်နိုင်လောက်အောင် လူရိုင်းမျိုးနွယ်တွေ အုပ်စိုးနေတဲ့နေရာ။ အဲဒီနေရာကို မားကပ်စ်က သူ့ရဲ့ရန်တူဖြစ်တဲ့လူရိုင်းမျိုးနွယ်ကျွန်တစ်ယောက်နဲ့အတူ လင်းယုန်ရုပ်တုကိုရှာဖို့ ထွက်လာခဲ့တဲ့အခါ......။ အဖေဖြစ်သူရဲ့ဂုဏ်သိက္ခာကိုပြန်ဆယ်ပေးနိုင်မလား....သူ့ကိုယ်တိုင်ရော အသက်ရှင်ဖို့တောင်ဖြစ်နိုင်ပါ့မလားဆိုတာကို..... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Marip Pan ဖြစ်ပါတယ်