6.5
340,861
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

3.6 GB

Credit

200

Pirates of the Caribbean: Dead Men Tell No Tales (2017)

Action, Adventure, Fantasy

Credits 200

ဂျက်စ်ပဲရိုးဇာတ်ကားတွေရဲ့ ပ ဉ္စမမြောက်ဇာတ်လမ်းအဖြစ် ထွက်ရှိလာတာဖြစ်ပြီး ၂၀၁၅ မှာ ထွက်ဖို့ ရည်မှန်းထားပေမယ့် ကြန့်ကြာနေခဲ့ပြီး ဒီနှစ်မှပဲထွက် လာခဲ့တာပါ။ နောက်ဆုံးထွက်ခဲ့ တဲ့ဇာတ်လမ်းမှာ မပါခဲ့တဲ့ အော် လန်ဒိုဘလွန်းနဲ့ ကီရာနိုက်တလေ တို့လည်း အခုဇာတ်လမ်းမှာပြန် ပါလာမှာပါ။ ဒီတစ်ခါဇာတ်လမ်းမှာတော့ ကပ္ပတိန်ဂျက်စ်ပဲရိုးတစ်ယောက် လွတ်အောင်ရှောင်ပြေးရမယ့်သူ ကတော့ ကပ္ပတိန်အာမန်ဒိုဆလာ ဇာပဲဖြစ်ပါတယ်။ ဆလာဇာဟာ စပိန်ရေတပ်က ပင်လယ်ဓားပြ ဖမ်းမုဆိုးဖြစ်ပြီး ဘယ်တော့မှမ သေတဲ့သူတစ်ယောက်ပါ။ ဂျက်စ်ပဲရိုးနဲ့တော့ ကမ္ဘာ့ရန် သူဖြစ်ပြီး မရဏတြိဂံလို့ခေါ်တဲ့ ဘာမြူဒါတြိဂံဒေသမှာ ထောင် ချောက်မိနေသူဖြစ်ကာ အဲဒီအရပ်ကို လာသမျှပင်လယ်ဓားပြတွေကို သတ်ဖို့ ဆုံးဖြတ်ထားတာပါ။ ဆလာဇာနဲ့သူ့ရဲ့ သရဲသင်္ဘောသားတွေဟာ သူတို့ပိုင်နက်ထဲရောက်လာတဲ့ သင်္ဘောမှန်သမျှကို ဖျက်ဆီးပစ်ပြီး လက်စ ဖျောက်ရှင်းလင်းပါတော့တယ်။ ဆလာဇာဟာ မရဏတြိဂံ ဒေသကနေ လွတ်မြောက်လာပြီး တဲ့နောက် ရန်သူတော်ဂျက်စ်ပဲရိုး ကို ရှင်းပစ်ဖို့ ကြိုးစားနေခဲ့ပါ တယ်။ ဂျက်စ်ပဲရိုးအဖို့ ဆလာဇာ ရဲ့ရန်က လွတ်မယ်ဆိုရင် ပိုဆိုက် ဒန်ရဲ့ခက်ရင်းခွကသာ မျှော်လင့် ချက်တစ်ခုဖြစ်တာကြောင့် နက္ခတ် ဗေဒပညာရှင်မိန်းမချော ကာရီနာ စမစ်နဲ့ ဘုရင့်ရေတပ်က တစ်ဇွတ် ထိုး သင်္ဘောသားငယ်လေး ဟင်န ရီတာနာရဲ့ အကူအညီနဲ့ ခက်ရင်းခွရှာဖို့လုပ်ခဲ့ပါတယ်။ ပိုဆိုက်ဒန်ရဲ့ ခက်ရင်းခွဟာ ပင်လယ်သမုဒ္ဒရာတွေကို ထိန်းချုပ်နိုင်တဲ့အစွမ်း ထက် လက်နက်တစ်ခု ဖြစ်ပါ တယ်။ သရဲကပ္ပတိန်ဆလာဇာက ဘာမူဒါဒေသကို ရောက်လာတဲ့ သင်္ဘောတွေကို ဘယ်လိုဒုက္ခတွေပေးမှာလဲ၊ ဂျက်စပဲရိုးတစ် ယောက် ဘယ်လို ပြဿနာတွေ ဖန်တီးဦးမှာလဲ၊ ပိုဆိုက်ဒန်ရဲ့ ခက်ရင်းခွက ဆလာဇာကို ထိန်းချုပ်နိုင်မှာလားဆိုတာ ဆက်ကြည့်ဖို့ ညွှန်းပေးလိုက်ပါတယ်။ ဂျက်စ်ပဲရိုးနေရာက မင်း သား ဂျွန်နီဒက်ပ်က အဓိကပါဝင် သရုပ်ဆောင်ထားပြီး ဂျာဗီယာ ဘာဒမ်၊ ဘရန်တန်သဝိတ်စ်၊ ကာယာစကိုဒီလာရီယို၊ အော်လန်ဒိုဘလွန်း၊ ကီရာနိုက်တလေ၊ ကီဗင်မက်နယ်လီ စတဲ့နာမည်ကြီး သရုပ်ဆောင်ပေါင်းများစွာ အားဖြည့်ထားတာမို့ ပရိသတ်တွေ မြည်းစမ်းကြည့်လိုက်ပါဦးလို့။