6.8
3,658
...

Video Quality

Blu-ray 1080p

Audio Quality

AC3 2.1

File Size

1.9 GB

Credit

50

Love on Delivery (1994)

Action, Comedy, Romance

Credits 50

ဒီဇာတ်လမ်းလေးကတော့ အစားအသောက်လိုက်ပို့တဲ့ Deliကောင်လေးတစ်ယောက်ရဲ့ မိန်းကလေးတစ်ယောက်အပေါ်ချစ်မိသွားတဲ့အကြောင်းလေးကို ရိုက်ကူးပြထားတာဖြစ်ပါတယ်။ ပျော့ညံ့ပြီး ကြင်နာတတ်တယ် လူတကာအနိုင်ကျင့်တာခံနေရလည်း ပြုံးပြုံးလေးနဲ့ပြန်မလုပ်တတ်တဲ့( He Jin Yin)ဟာ အားကစားစင်တာက ဂျူဒိုကစားတဲ့ကောင်မလေး (Li)ကို ချစ်မိသွားခဲ့တယ်ပေါ့။ ကောင်မလေးက သတ္တိရှိတဲ့သူတွေကိုပဲသဘောကျတယ်လို့ပြောလိုက်တဲ့အခါမှာတော့ သူ့ကိုယ်သူ သန်မာတဲ့သူတစ်ယောက်ဖြစ်အောင်လုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီအခါမှာ ကုန်စုံဆိုင်ပိုင်ရှင်တစ်ဖြစ်လဲ လူလိမ်လို့ထင်မှတ်ရတဲ့သူဟာ He Jin Yinရဲ့ကြိုးစားသင်ယူချင်စိတ်ကိုအသုံးချပြီး အခကြေးငွေယူကာ ကွန်ဖူးပညာသင်ပေးယောင်ဆောင်ပါတယ်။ ရိုးအတဲ့ He Jin Yinကတော့ သူအလိမ်ခံနေရမှန်းမသိဘဲ အသုံးမဝင် အဓိပ္ပါယ်မရှိတဲ့ ကွန်ဖူးပညာတွေကိုကြိုးစားသင်ယူနေပါတယ်။ သူသဘောကျနေတဲ့ကောင်မလေးမှာ ကရာတေးခေါင်းဆောင်နဲ့ ချစ်ကြိုက်နေတာကိုသိလိုက်ရတော့ သူတတ်ထားတဲ့ပညာလေးနဲ့ ကရာတေးခေါင်းဆောင်ကိုသွားစိန်ခေါ်လိုက်ပါတယ်။ ကရာတေးခေါင်းဆောင်နဲ့သူ့ရဲ့ပြိုင်ပွဲကတော့ မတွေးရဲစရာပါပဲ။ အချစ်အတွက် အသက်ကိုစွန့်ပြီး တိုက်ခိုက်ရဲတဲ့အရိုးခံစိတ်ဓာတ်လေးနဲ့ သနားစရာ He Jin Yin ရဲ့ စိန်ခေါ်မှုက အောင်မြင်မလား...။ ဝမ်းနည်းစရာကောင်းစွာနဲ့အဆုံးသတ်သွားမလားဆိုတာကို ၁၉၉၄ခုနှစ်ထွက် "Love on Delivery"ဆိုတဲ့ ဟာသအက်ရှင်ကားလေးမှာ ဆက်လက်ကြည့်ရှုကြရအောင်။ ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်တင်ဆက်သူကတော့ Ei Thinzar Nyeinဖြစ်ပါတယ်။