3.6
737
...

Video Quality

Blu-ray 1080p

Audio Quality

DTS HDMA 5.1

File Size

3 GB

Credit

500

The Rebels of PT-218 (2021)

Action, Adventure, Drama

Credits 500

၂၀၂၁၊ ဩဂုတ်လ ၁၇ရက်နေ့မှာထွက်ရှိထားတဲ့ The Rebels of Pt-218 ဆိုတဲ့ဇာတ်ကားဟာ ဒုတိယကမ္ဘာစစ်အတွင်းကအဖြစ်မှန်လေးတစ်ခုကို အခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ စစ်အပြီး၁၉၄၂-၁၉၄၃မှာ ဥရောပတစ်ခုလုံးကိုဂျာမာန်အင်ပါယာကလွှမ်းမိုးထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ၁၉၄၃နောက်ပိုင်းမှာတော့ အမေရိကန်နဲ့အင်္ဂလိပ်ဦးဆောင်တဲ့မဟာမိတ်တပ်များဟာ ဂျာမာန်လက်ထဲရောက်နေတဲ့ဥရောပနယ်မြေများကို ပြန်လည်သိမ်းပိုက်ဖို့ကြိုးစားလာပါတော့တယ်။ ဒီအခြေအနေမှာ မဟာမိတ်တွေဟာ ဥရောပကမ်းရိုးတန်းဒေသတွေကို ပြန်လည်ကျူးကျော်ဖို့အတွက် အမေရိကန်ရေတပ်အင်အားကိုအသုံးပြုလာပါတယ်။ အမေရိကန်ရေတပ်တွေမှာ စစ်ပွဲတွေအတွက် အသုံးပြုတဲ့စစ်သင်္ဘောတွေသာမက အရပ်သားတွေပါ၀◌င်တဲ့ ထောက်ပံ့ရေးသင်္ဘောတွေပါပါ၀◌င်ပါတယ်။ တိုက်ခိုက်ရေးမှာအလွန်တော်တဲ့ ဗိုလ်ကြီးစနိုးဦးဆောင်တဲ့ အမေရိကန်ထောက်ပံ့ရေး တော်ပီဒိုသင်္ဘောတစ်စီး ( S.S Lawton B. Evan) ရဲ့အကြောင်းကိုရိုက်ကူးထားတဲ့ The Rebels of Pt-218 ဇာတ်ကားကတော့ ပုံမှန်ကြည့်နေကျဇာတ်ကားတွေလိုမျိုး ဇာတ်လမ်းဇာတ်အိမ်အသားပေးရိုက်ကူးထားခြင်းမဟုတ်ဘဲ ဒုတိယကမ္ဘာစစ်အတွင်း ပုံမှန်အမေရိကန်ထောက်ပံ့ရေးသင်္ဘောတစ်စီးနဲ့ အင်အားကြီးဂျာမာန်စစ်သင်္ဘောတွေ ယှဥ◌်ပြိုင်တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲအတွေ့အကြုံတွေကိုရိုက်ကူးထားခြင်းဖြစ်လို့ ဒုန်းဒုန်းဒက်ဒက် တုံးလုံးပက်လက်မျိုးကိုနှစ်ခြိုက်ကြတဲ့ပရိသတ်ကြီးကတော့ အရသာတွေ့မှာသေချာပါတယ်။ ဒါ့အပြင် သင်္ဘောပေါ်ကသင်္ဘောသားတွေရဲ့ လူသားဆန်တဲ့နေထိုင်မှုပုံဆန်မျိုးကိုပါ ထည့်သွင်းရိုက်ကူးထားသေးတဲ့အတွက် ပုံမှန်စစ်ပွဲအသားပေးဇာတ်လမ်းမျိုးနဲ့တော့မတူတာသေချာပါတယ်။ (အညွှန်းအတွက်သမိုင်းအချက်အလက်တစ်စုံတစ်ခုလွဲမှားသွားခဲ့ရင်တောင်းပန်ပါတယ်) ဒီဇာတ်ကားအတွက် ဘာသာပြန်နဲ့အညွှန်းရေးသူကတော့ Erika Sean ဖြစ်ပါတယ်။