6.7
19,797
...

Video Quality

Blu-ray 1080p

Audio Quality

DTS HDMA 5.1

File Size

3.1 GB

Credit

500

A Dog's Way Home (2019)

Adventure, Drama, Family

Credits 500

လူးကပ်စ်ဆိုတဲ့ကောင်လေးတစ်ယောက်ဟာ ခွေးဘီလူးပေါက်စလေးဖြစ်တဲ့ ဘဲလာကို အမှတ်မထင် ကြုံကြိုက်ရင်း မွေးမြူဖို့ဖြစ်လာပါတယ် သူတို့နေထိုင်နေတဲ့ဒန်ဗာမြို့မှာတော့ ခွေးဘီလူးတွေက ပိတ်ပင်ထားတဲ့ခွေးအမျိုးအစားထဲမှာပါပါတယ်တိရစ္ဆာန်ထိန်းသိမ်းရေးကသိလာတဲ့အခါမှတော့ သူတို့ဆက်မွေးမြူဖို့မဖြစ်နိုင်တဲ့အတွက် အိမ်ပြောင်းဖို့ထိ စီစဉ်လာခဲ့ကြပါတော့တယ် ဒါပေမယ့်လည်းတစ်နေ့မှာတော့ ခွေးမလေး ဘဲလာဟာ မထင်မှတ်ပဲ ထွက်ပြေးပျောက်ဆုံးသွားပါတော့တယ် သူ့သခင်ရဲ့အိမ်ပြန် ဆိုတဲ့စကားလေး တစ်ခွန်းနဲ့ သူဟာ အိမ်ကိုမရ အရ ပြန်ဖို့ကြိုးစားခဲ့ပေမယ့် လွယ်လွယ်ကူကူတော့မဖြစ်ခဲ့ပါဘူး သူ့သခင်ကိုချစ်စိတ်နဲ့ အတားအဆီးများစွာကိုကျော်ဖြတ်တဲ့အကြောင်းကိုရိုက်ကူးထားတဲ့ကားလေးပါ တကယ်ကို တောအထပ်ထပ် တောင်အသွယ်သွယ်ကို ဖြတ်ကျော်ခဲ့တာပဲဖြစ်ပါတယ်ခွေးလေးတွေရဲ့မေတ္တာ၊ အချစ်နဲ့ သစ္စာရှိမှုတွေက တကယ်အံ့မခန်းပဲဆိုတာကိုဒီကားမှာမြင်တွေ့ရမှာပဲဖြစ်ပါတယ်။ “သင့်ဘဝမှာခွေးလေးတွေအများကြီးရှိနိုင်ပေမယ့် ခွေးလေးအတွက်ကတော့ သင်ကကမ္ဘာကြီးပါပဲ”