4.0
14,430
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

2.5 GB

Credit

200

The Guardians (2017)

Action, Adventure, Comedy

Credits 200

စစ်အေးခေတ်ကာလမှာ အမေရိကန် နဲ့ ဆိုဗီယက်ယူနီယမ် တို့မှာလက်နက်တွေအပြိုင်အဆိုင် တီထွင်ခဲ့ကျပီးတော့အားပြိုင်နေခဲ့ကျတယ် သူတို့တွေရဲ့စစ်တပ်အသီးသီးကိုအင်အား တိုးပွားလာအောင်ပြုလုပ်ခဲ့ကျတယ် ဆိုဗီယက် က Patriot ဆိုတဲ့ပရောဂျက်တစ်ခုကိုစတင်ခဲ့ပီ လူသားတွေရဲ့မျိုးရိုးဗီဇတွေကိုပြောင်းလဲပီးတော့စွမ်းအားတွေရရှိလာအောင်လုပ်ပေးဖို့ကြိုးစားခဲ့ကျတယ် အော်ဂတ်ကူရာတို နဲ့ ဗစ်တာဂိုဗမ်နော့စ် တို့ကအဲ့ပရောဂျက်ကိုဦးဆောင်လုပ်ခဲ့ကျတာဖြစ်တယ် ဒါပင်မဲ့ ဂိုဗမ်နော့စ် ကအောင်မြင်မှုတွေရရှိခဲ့ပီးလူတွေလဲချီးကျူးမှုခံနေရတဲ့အချိန်မှာ ကူရာတို ကတော့ကျဆုံးမှုတွေနဲ့ကြုံတွေ့နေခဲ့ရတယ် ကူရာတို ဟာသူ့ရဲ့ရည်မှန်းချက်ဖြစ်တဲ့အတော်ဆုံးသိပ္ပံပညာရှင်ဖြစ်ရေးဆိုတဲ့ဟာက ဂိုဗမ်နော့စ် ဆီရောက်သွားတော့မှာလို့ခံစားလာရတဲ့အချိန်မှာသူသုတေသနအောင်မြင်လာဖို့အတွက်လူသားတွေကိုပါစမ်းသပ်မှုတွေပြလုပ်လာခဲ့တယ် အဲ့ဒါကိုအစိုးရကသိရှိသွားပီးတော့သူ့ရဲ့စမ်းသပ်မှုတွေကိုပိတ်ပင်ခဲ့ပီးသူ့ကိုဖမ်းဆီးစေခဲ့တယ် ဒါပင်မဲ့ကူရာတို ကအဖမ်းမခံခဲ့ဘဲနဲ့သူ့ရဲ့ဓာတ်ခွဲခန်းကိုပါပေါက်ကွဲခဲ့ပီးထွက်ပြေးသွားခဲ့တယ် နစ်ပေါင်းများစွာကြာပီးတဲ့နောက်မှာစစ်တပ်ရဲ့လက်နက်သစ်စမ်းသပ်မှုလုပ်နေတုန်းမှာ ကူရာတို ရောက်လာခဲ့ပီးတော့လက်နက်တွေအကုန်လုံးကိုခိုးယူသွားခဲ့တယ် အဲ့တာမို့ ကူရာတို ကိုတားဆီးဖို့အတွက်အစိုးရအနေနဲ့စူပါဟီးရိုးအဖွဲ့ဖွဲ့ဖို့လိုလာခဲ့တယ် အဲ့တာမလို့ Patriot ဆိုတဲ့ပရောဂျက်ကိုပြန်စခဲ့ပီး ကူရာတို ရဲ့အစမ်းသပ်ခံခဲ့ရပီး စွမ်းအင်တွေရလာခဲ့တဲ့လူတွေကိုပြန်လည်ရှာဖွေပီးတော့ ကူရာတို ကိုတားဆီးဖို့လုပ်ဆောင်ခဲ့ပါတယ် အဲ့အဖွဲ့ကို Guardians ဆိုတဲ့နာမည်ကိုပေးပီး ကူရာတို ကိုတားဆီးစေခဲ့တယ် ရုရှားရဲ့ စူပါဟီးရိုးကားတွေပါ Marvel တို့ DC တို့ရဲ့စူပါဟီးရိုးဇာတ်ကားတွေနဲ့တော့ ယှဉ်ပြိုင်နိုင်လောက်တဲ့အထိမကောင်းပင်မဲ့ ကြည့်လို့ကောင်းတဲ့ကားလေးတစ်ကားပါ