7.2
40,620
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

2.8 GB

Credit

200

The Way of the Dragon (1972)

Action, Adventure, Comedy

Credits 200

ဟောင်ကောင်အမေရိကန်သိုင်းပညာရှင် ဘရုစ်လီရဲ့ ၁၉၇၂ခုနှစ်ထွက် အက်ရှင်ကားကောင်းတစ်ကားဖြစ်တဲ့ ဒီဇာတ်လမ်းထဲမှာဆိုရင် မင်းသားကြီးဘရုစ်လီဟာ ထန်လုံအနေနဲ့သရုပ်ဆောင်ထားပြီး ရောမမြို့မှာအကူအညီလိုအပ်နေတဲ့ ဆွေမျိုးတစ်ယောက်ကိုကူညီပေးဖို့ ပြည်ပကိုထွက်လာခဲ့တဲ့သူပါ။ တရုတ်ရိုးရာနဲ့ယှဉ်ရင် အရာအားလုံးက အထူးအဆန်းလိုဖြစ်နေတာမို့ သူ့အနေနဲ့နေသားကျဖို့ခက်နေပါတယ်။ တစ်ဖက်မှာလည်း ရောမမြို့ရဲ့အင်အားကြီးလုပ်ငန်းတစ်ခုက သူ့ဆွေမျိုးဖြစ်သူရဲ့စားသောက်ဆိုင်ကို မရမကအတင်းရောင်းပေးဖို့ ဖိအားပေးနေပြီး ဆိုင်ကိုလာတဲ့ဧည့်သည်တွေကိုလည်း လူဆိုးတွေငှားပြီး နည်းအမျိုးမျိုးနဲ့နှောင့်ယှက်နေပါတယ်။ ဒီပြဿနာကိုဖြေရှင်းဖို့ရောက်လာတဲ့ထန်လုံအနေနဲ့ နိုင်ငံခြားသားတွေပြောသမျှဘာမှနားမလည်ဘဲ ကိုးရို့ကားရားအခြေအနေတွေကြားကနေ သူ့ရဲ့သိုင်းပညာစကေးတွေကို ဘယ်လိုထုတ်သုံးပြီး ဖြေရှင်းသွားမလဲဆိုတာ ဆက်ကြည့်ကြရအောင်။ ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်တင်ဆက်သူကတော့ Ei Thinzar Nyein ဖြစ်ပါတယ်။