7.1
1,343
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

3.8 GB

Credit

200

Liar Game: The Final Stage (2010)

Drama, Thriller

Credits 200

ဒီဇာတ်ကားလေးက ဂျပန်ရုပ်ရှင်ကားတစ်ကားဖြစ်ပြီးတော့ Liar Game စီးရီးရဲ့အဆက်အနေနဲ့ရိုက်ကူးထားတာဖြစ်ပါတယ်။ လောင်းကစားကိုအခြေတည်ပြီးရိုက်ကူးခဲ့တဲ့စီးရီးဖြစ်ပြီးတော့ Seasonနှစ်ခုထွက်ရှိခဲ့ပါတယ်။ အခုဒီဇာတ်ကားကတော့ ကစားပွဲနောက်ဆုံးအဆင့်အကြောင်းရိုက်ကူးထားတာဖြစ်ပါတယ်။ နောက်ဆုံးအဆင့်ဆိုတဲ့အတိုင်း ကစားပွဲမှာပါဝင်လာတဲ့သူတွေက သိပ်ကိုလိမ်မာပါးနပ်ကြပြီး သူများကိုအယုံအကြည်မရှိတတ်တဲ့ လောဘကြီးတဲ့သူတွေပဲဖြစ်ပါတယ်။ သူတို့ထဲမှာမှ မိန်းကလေးတစ်ယောက်ကတော့ လူတိုင်းကိုယုံကြည်တတ်တဲ့ ရိုးအတဲ့သူဖြစ်နေပါတယ်။ သူ့လိုရိုးအတဲ့သူတစ်ယောက်က ဒီကစားပွဲထဲမှာဘာကြောင့်ရှိနေရတာလဲ။ လိမ်လည်လှည့်ဖြားမှုတွေ နောက်ကျောကိုဓားနဲ့ဘယ်သူကထိုးမယ်မှန်းမသိတဲ့ ရက်စက်တဲ့ကစားပွဲအလယ်မှာ ဒီကောင်မလေးရပ်တည်နိုင်ပါ့မလား။ ရင်ခုန်စိတ်လှုပ်ရှားဖို့ကောင်းတဲ့လှည့်ကွက်တွေနဲ့အတူ ရိုးအတဲ့ကောင်မလေးကြောင့် လူ့လောဘတွေနဲ့ရှင်သန်နေတဲ့ဒီကစားပွဲမှာ ဘယ်လိုအပြောင်းအလဲတွေဖြစ်လာလိမ့်မလဲ။ ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ဘာသာပြန်တင်ဆက်သူကတော့ Ei Thinzar Nyein ဖြစ်ပါတယ်။