7.9
186,729
...

Video Quality

Blu-ray 1080p

Audio Quality

DTS ES 5.1

File Size

3.1 GB

Credit

300

Hero (2002)

Action, Adventure, Drama

Credits 300

ဒီဇာတ်ကားလေးဟာဆိုရင် ၂၀၀၂ ခုနှစ်မှာရိုက်ကူးခဲ့တာဖြစ်ပြီး အဓိကဇာတ်ဆောင်အနေနဲ့ Jet Li က ပါဝင်သရုပ်ဆောင်ထားပါတယ်။ Action,Drama,Historical အမျိုးအစားဖြစ်ပြီး သိုင်းကားကြိုက်နှစ်သက်သူတွေကို သိုင်းကွက်လှလှလေးတွေနဲ့ ဆွဲဆောင်သွားနိုင်မဲ့ကားကောင်းဖြစ်ကြောင်း အာမခံပါတယ်။ ချင်တိုင်းပြည်ရဲ့ အမည်မသိ (Jet Li)လို့ခေါ်တဲ့အမတ်တစ်ယောက်ဟာ ချင်ဘုရင်နဲ့တွေ့ဆုံဖို့ နန်းတော်ထဲကို ဆင့်ခေါ်ခံရပါတယ်။ အကြောင်းအရင်းကတော့ ရှင်ဘုရင်ကိုလုပ်ကြံသတ်ဖြတ်ဖို့ချောင်းမြောင်းနေခဲ့တဲ့ လုပ်ကြံသူသုံးယောက်ကို သတ်နိုင်ခဲ့တဲ့အတွက်ကြောင့်ပါပဲ။ Jet Li ဟာ သူအမှန်တကယ်သတ်ခဲ့ကြောင်းကို သက်သေပြနိုင်ဖို့ လုပ်ကြံသူတွေကိုင်ဆောင်တဲ့ဓားတွေကို ယူဆောင်လာခဲ့ပါတယ်။ သူလို သာမန်အမတ်တစ်ယောက်က ရှင်ဘုရင်ကြောက်လန့်ရတဲ့သူတွေကို သတ်နိုင်ခဲ့ဆိုတော့ ရှင်ဘုရင်က အလွန်အံ့အားသင့်စွာနဲ့ သူဘယ်လိုသတ်နိုင်ခဲ့ကြောင်းကို အသေးစိတ်မေးမြန်းပါတော့တယ်။ သူတကယ်ပဲ သတ်နိုင်ခဲ့တာလား.... ကြည့်ရှုသူတွေကိုပါ မေးခွန်းထုတ်နိုင်လောက်အောင် ထူးခြားတဲ့ဒီဇာတ်ကားလေးကို ကြည့်ရှုလိုက်ကြရအောင်။ ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ဘာသာပြန်ပေးသူကတော့ Ei Thinzar Nyein ဖြစ်ပါတယ်။