6.8
132,488
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

3.4 GB

Credit

200

What Happened to Monday (2017)

Action, Crime, Fantasy

Credits 200

ပုံပြင်လေး တစ်ပုဒ် ပြောပြမယ်။ တစ်ခါတုန်းက အနာဂတ်ကမ္ဘာကြီးမှာ လူဦးရေတွေ ထူထပ်များပြားလို့ စားနပ်ရိက္ခာအခက်အခဲတွေ့နေရသတဲ့။ ဒီတော့ ဗြူရိုကရက်တစ်အစိုးရဟာ တစ်အိမ်တစ်ယောက်ပဲ ကလေးမွေးရမယ်လို့ ဥပဒေထုတ်လိုက်တာပေါ့။ ဒီတော့ အမွှာမွေးမိတဲ့ မိဘတွေဟာ ကိုယ့်ကလေးကို ဝှက်ထားရတော့တယ်။ တကယ်လို့ သိသွားရင် လက်နက်ကိုင်တပ်သားတွေက ပိုတဲ့ ကလေးကို ဖမ်းခေါ်သွားကြတယ်။ သူတို့ကို စားနပ်ရိက္ခာလောက်ငှတဲ့ တစ်နေ့ကျ ပြန်တွေ့ရမယ်လို့ ပြောထားပေမယ့် ဘယ်ကို ခေါ်သွားမှန်းတော့ ဘယ်သူမှ မသိကြပါဘူး။ ဒီလိုကာလမှာပဲ ထူးထူးခြားခြား အမွှာညီအစ်မ ခုနှစ်ယောက်ကို မွေးသတဲ့။ သူတို့ကို မှတ်ရလွယ်အောင် တနင်္ဂနွေ၊ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာနဲ့ စနေလို့ ခေါ်ကြရအောင်။ မိဘတွေ မရှိကြတော့တဲ့ သူတို့ကို သိပ္ပံပညာရှင် အဘိုးက လိမ္မာပါးနပ်တဲ့ အစီအစဉ်နဲ့စောင့်ရှောက်ပါတယ်။ အဲဒီအစီအစဉ်ကြောင့် ဘယ်ညီမမှ ဖမ်းခေါ်မသွားခံခဲ့ရဘူး။ အဘိုးရဲ့ အကြံက ဒီလိုပါ။ ညီအစ်မခုနှစ်ဖော်စလုံးဟာ ကယ်ရင်လို့ ခေါ်တဲ့ နာမည်တစ်မျိုးတည်းနဲ့ နေထိုင်ရပါမယ်။ နာမည်အလိုက် တစ်နေ့ တစ်ယောက် အပြင်ထွက်ခွင့်ရမယ်။ သူတို့ကို တစ်လောကလုံးက တစ်ယောက်တည်းလို့ မြင်အောင် သူတို့ကြုံရသမျှ ကိစ္စတွေကို recoreded camera နဲ့ ပြန်ကြည့်ပါမယ်။ ဒီတော့ ညီအစ်မတစ်ယောက်စီဟာ တစ်ပတ်ကို ခြောက်ရက် အိမ်မှာပဲ ပုန်းနေမှာ ဖြစ်ပြီး ကိုယ့်နာမည်နဲ့ဆိုင်တဲ့ နေ့ကျမှသာ အပြင်ထွက်ရမှာ ဖြစ်ပါတယ်။ တစ်ခုရှိတာက ခုနှစ်ယောက်စလုံးဟာ တစ်ပုံစံတည်း တူနေရမှာ ဖြစ်တဲ့အတွက် မှဲ့တစ်ပေါက်တောင် လွဲလို့ မရတာပါပဲ။ တစ်နေ့တော့ ဗုဒ္ဓဟူးဟာ အိမ်က ခိုးထွက်ပြီး စကိတ်သွားစီးသတဲ့။ အဲဒီနေ့ဟာ တနင်္လာနေ့ဖြစ်ပြီး တနင်္လာနဲ့ အတူတူ အပြင်က ပြန်လာတဲ့ အဘိုးဟာ ဗုဒ္ဓဟူးကြောင့် ခေါင်းမီးတောက်ရပါတော့တယ်။ ဗုဒ္ဓဟူး ပြန်လာတဲ့အခါမှာတော့ စကိတ်စီးရာက ခိုက်မိပြီး လက်ညှိုးတစ်ဆစ် ပြတ်သွားတဲ့ အကြောင်း ပြောသတဲ့။ အန္တရာယ်ကို ရိပ်မိတဲ့ အဘိုးဟာ ကောင်းတာပဲ ဖြစ်ဖြစ် ဆိုးတာပဲ ဖြစ်ဖြစ် တစ်ယောက်ရဲ့ အပြုအမူဟာ ကျန်ညီအစ်မခုနှစ်ယောက်ကိုပါ လာထိတဲ့ အကြောင်း ရင်နဲ့ ရင်းပြီး သက်သေပြခဲ့တယ်။ အမွှာဆိုပေမယ့် ရုပ်ချင်းသာ ခွဲမရတာ စိတ်ကတော့ အလှကြိုက်တဲ့သူ၊ အပျင်းကြီးတဲ့သူ၊ ဉာဏ်ကောင်းတဲ့သူ၊ ယောကျင်္ားလျာဆန်တဲ့သူ၊ ကြင်နာတတ်တဲ့သူ အစရှိသဖြင့် တစ်ယောက်တစ်မျိုးနဲ့ ခုနှစ်မျိုးပါ။ သူတို့ တစ်သက်လုံး ဒီလို နေလို့ ဖြစ်သွားပါ့မလား။ အဘိုးမရှိတော့တဲ့ တစ်ချိန်ချိန်မှာ သူတို့လျှို့ဝှက်ချက်ကို ဘယ်သူမှ မရိပ်မိအောင်ရော ဘယ်လောက်ထိ ဖုံးကွယ်ထားနိုင်မှာလဲ။ ဒီလိုနဲ့ အသက်တွေ ကြီးလာကြတာ တစ်နေ့တော့ တနင်္လာဟာ အလုပ်သွားရာက အိမ်ပြန်ရောက်မလာတော့ဘူး။ ဒီတော့ ကျန်တဲ့ ညီအစ်မခုနှစ်ယောက်ဟာ သူတို့ကြုံရမယ့် တစ်နေ့ ရောက်လာတာလားလို့ သံသယ ဝင်လာကြတယ်။ အင်္ဂါနေ့ကျတော့ အင်္ဂါလေးက ဟန်မပျက် အလုပ်ကို သွားတက်ရင်း တနင်္လာ ပျောက်ဆုံးမှု ရှာပုံတော် ဖွင့်ရတော့တယ်။ ဒါပေမယ့် အင်္ဂါသိလိုက်ရတာ နောက်ကျသွားပါပြီ။ သူတို့ညီအစ်မတွေရဲ့ လျှို့ဝျက်ချက်ကို သိသွားကြသူတွေဟာ အိမ်မှာ ပုန်းနေတဲ့ ညီအစ်မငါးယောက်ဆီ လာနေကြပြီတဲ့။ တနင်္လာကရော ဘာဖြစ်သွားတာလဲ။ ဟုတ်ပါတယ်။ ဇာတ်ကားအမည်က “တနင်္လာ ဘာဖြစ်သွားသလဲ” တဲ့။ ပိုစတာကို Seven Sisters ဆိုပြီးတော့လည်း ကြေညာထားပါသေးတယ်။ ဒီကားမှာ မင်းသမီးကြီး နာအိုမီ ရက်ပေ့စ်က တစ်ယောက်တည်းကနေ လူခုနှစ်ကိုယ်ခွဲ သရုပ်ဆောင်သွားတာ ပီပြင်လှပါတယ်။ ဇာတ်ကြောင်းကလည်း ထူးဆန်းပြီး လှည့်ကွက်အပြည့်နဲ့ ဇာတ်လမ်းစကတည်းက ဆုံးတဲ့ထိ မပျင်းရအောင် အက်ရှင်ခန်းတွေ၊ သိပ္ပံလက်နက်ဆန်းတွေနဲ့ သည်းထိတ်ရင်ဖိုစရာ ကောင်းလှပါတယ်။ 18+ တစ်ခန်းက ပါလိုက်သေး။ တစ်ခန်းဆို ဆိုသလောက် မင်းသမီးရဲ့ မိမွေးတိုင်း အလှကို ဖော်ပြသွားသေးရဲ့။ အထူးဆန်းဆုံးကတော့ ယူကေနဲ့ ယူအက်မှာပဲ ပြသေးတဲ့အတွက် ကမ္ဘာအနှံ့ရုံမတင်ခင် ပရိသတ်များကို ဦးဦးဖျားဖျား တင်ဆက်ပေးလိုက်တာ ဖြစ်ပါတယ်။