6.1
322,148
...

Video Quality

Blu-ray 1080p

Audio Quality

DTS HDMA 7.1

File Size

4 GB

Credit

500

Jumper (2008)

Action, Adventure, Sci-Fi

Credits 500

App ထဲကနေ Movie Request လုပ်ထားတဲ့ကားတွေထဲက တစ်ကားဖြစ်တဲ့ Jumper လေးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ် လူတိုင်းမဟုတ်ရင်တောင် အထူးသဖြင့် ယောက်ျားလေးတွေရဲ့စိတ်ထဲမှာ တကယ်သာ ဖြစ်ခွင့်ရရင် ဖြစ်ချင်‌တဲ့ Superhero တစ်ယောက်ကတော့ အမြဲလိုလိုရှိနေတတ်မှာပါ။ လေထဲပျံချင်တာလား အင်အားကြီးချင်တာလား ဒါမှမဟုတ် နေရာပြောင်းတတ်ချင်တာမျိုးလား ဒီလိုမျိုး အစွမ်းအစတွေ တစ်ခုခုတော့ လိုချင်မိကြမှာပါ။ ဒါကြောင့်လည်း (2008) ခုနှစ်က ထွက်ရှိခဲ့ပြီး စိတ်ကူးယဉ်လို့ကောင်းမဲ့ Adventure, Sci-Fi အမျိုးအစား **Jumper ** ဆိုတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဒေးဗစ်ရိုက်စ် ဟာ အသက် (၅) နှစ်အရွယ်ကတည်းက အမေဖြစ်သူရဲ့စွန့်ပစ်မှုကိုခံခဲ့ရပြီး အရက်စွဲနေတဲ့အဖေနဲ့သာ အတူနေထိုင်နေရတဲ့ အထက်တန်းကျောင်းသားတစ်ယောက်ပါ။ တစ်နေ့မှာတော့ သူ့ရဲ့သူငယ်ချင်းမလေး မီလီ ကို လက်ဆောင်ပေးရာကနေ မထင်မှတ်ဘဲ အနိုင်ကျင့်ခံရပြီး ရေထဲကျသွားရာကစလို့ သူဟာ ကမ္ဘာပေါ်က ဘယ်နေရာကိုမဆို နေရာရွှေ့ပြောင်းနိုင်တဲ့အစွမ်းရှိနေတဲ့ Jumper ဖြစ်နေမှန်း သိလိုက်ရပါတယ်။ ဒေးဗစ်ကတော့ အဲဒီအစွမ်းကို အသုံးချပြီး ဘဏ်တွေကနေ ငွေတွေကိုခိုးယူနေတဲ့အတွက် အစိုးရအဖွဲ့တွေကနေ သူ့ကိုဖမ်းဖို့ လိုက်စုံစမ်းပါတော့တယ်။ ဒီလိုနဲ့ ဒေးဗစ်တစ်‌ယောက် ဖမ်းမဲ့လူတွေကိုရှောင်တိမ်းရင်း အစွမ်းကို ဘယ်လိုတွေအသုံးချနေမလဲ နောက်ဆက်တွဲရော ဘယ်လိုတွေ ကြုံတွေ့ရမလဲ နောင်တစ်ချိန် သူငယ်ချင်းဖြစ်တဲ့ မီလီ နဲ့ ပြန်တွေ့တဲ့အခါ နှစ်ယောက်သား ခရီးထွက်ရာကနေ ဘယ်လိုပြဿနာတွေကြုံရမလဲ သူတို့ရဲ့ရန်သူတွေကရော ဘယ်သူတွေလဲ သူ့အမေကရော သူ့ကိုဘာလို့စွန့်ပစ်သွားတာလဲ ဆိုတာတွေကိုတော့ ဇာတ်လမ်းထဲမှာ ကြည့်ရှုလိုက်ကြပါဦး။ ဒီဇာတ်ကားကို အညွှန်းနဲ့ ဘာသာပြန်သူကတော့ **Max** ဖြစ်ပါတယ်