ဆူရင်းဆိုတဲ့ကောင်မလေးဟာ အမေဖြစ်သူဆုံးပြီးကတည်းက ပထွေးဖြစ်သူနဲ့နေလာခဲ့သူပါ။ ပထွေးဖြစ်သူရဲ့အလုပ်က ဟွာနိုကျွန်းလေးမှာမလို့ အဲဒီကိုပြောင်းသွားခဲ့ပါတယ်။
ဆူရင်းကိုယ်တိုင်က ဘလော့မှာ ခန္ဓာကိုယ်ကနေ ဝိညာဉ်ခွာတဲ့အကြောင်းတွေကို ဘလော့ရေးတဲ့သူမလို့ အတန်းထဲကကလေးတွေက လူထူးဆန်းဆိုပြီး အပေါင်းအသင်းမလုပ်ကြပါဘူး။
တစ်ရက်ကျ မိဘမဲ့ဂေဟာကကလေး ဆောင်းမင်းနဲ့ခင်သွားပြီး ဝိညာဉ်ခွာတဲ့ကိစ္စတွေစမ်းကြည့်ခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။
တစ်ရက်တော့ ဆူရင်းရဲ့ပထွေးအလုပ်လုပ်တဲ့ဥမင်လိုဏ်ခေါင်းဆောက်လုပ်ရေးက ဖောက်ခွဲမဲ့နေရာကို ဆောင်းမင်းနဲ့သူ့သူငယ်ချင်း၂ယောက်က သွားကြည့်မလို့ကို ဆူရင်းပါလိုက်သွားခဲ့ပါတယ်။ ဟိုဟိုဒီဒီစပ်စုရင်း သစ်ပင်အခေါင်းထဲကိုချောင်းကြည့်တော့ လူဝင်လို့ရနေတဲ့ ဂူကြီးမို့လို့ဝင်ကြည့်တော့ အထဲက ရေထဲမှာမီးလင်းနေတဲ့ ဥတစ်လုံးကိုတွေ့ခဲ့ကြပြီး ဆယ်ယူလာခဲ့ပါတယ်။ ဆူရင်းကတော့ အမေဖြစ်သူပေးခဲ့တဲ့ကလစ်လေး ဂူထဲကျန်ခဲ့လို့ သွားပြန်ယူပြီးပြန်လာတော့ သူငယ်ချင်း၃ယောက်ကိုမတွေ့ကြရတော့ပါဘူး။ ကလေး၃ယောက်က ဘယ်ကိုပျောက်သွားတာဖြစ်မလဲ?
ဒီကားလေးကို အညွှန်းနဲ့ဘာသာပြန်ဆိုသူကတော့ Huihui ဖြစ်ပါတယ်။