7.9
726,027
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

2.6 GB

Credit

200

Shrek (2001)

Animation, Adventure, Comedy

Credits 200

အားလုံးသိကြတဲ့ အစိမ်းရောင် ရုပ်ဆိုးဆိုးဘီလူးလေး Shrek ရဲ့ ဇာတ်ကားဟောင်းလေးပဲဖြစ်ပါတယ်။ ပျော်စရာအဆုံးသတ်နဲ့ ကာတွန်းဇာတ်ကားကောင်းလေးဖြစ်တာကြောင့် ဘယ်အချိန်ကြည့်ကြည့်မရိုးနိုင်တဲ့အထဲမှာလည်း ပါပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Shrek ဆိုတဲ့ ဘီလူးလေးက လူတွေနဲ့ဝေးတဲ့နေရာမှာ တစ်ကိုယ်တည်းနေတဲ့သူပါ။ တစ်နေ့မှာ ဒူလော့ခ်မြို့က အရှင် Farquaad ကဒဏ္ဍာရီသတ္တဝါတွေကို မြို့ကနေနှင်ထုတ်ပြီး Shrek နေတဲ့ ရွှံ့တောကို မောင်းထုတ်လိုက်ပါတယ်။ တစ်ယောက်တည်းနေလိုတဲ့ Shrek က အရှင် Farquaad ဆီသွားပြီး သူ့နေရာကိုပြန်ပေးဖို့တောင်းဆိုတော့ အရှင် Farquaad က သူ့ကို အပြန်အလှန်အနေနဲ့ တစ်ခုလုပ်ခိုင်းလိုက်ပါတယ်။ အဲဒါကတော့ ချော်ရည်တွေဝန်းရံထားပြီး မီးနဂါးကြီးစောင့်ကြပ်နေတဲ့ ရဲတိုက်ထဲမှာအကျဉ်းချခံထားရတဲ့ မင်းသမီးလေး Fiona ကို သွားကယ်ပေးဖို့ပါ။ ဒီတော့ Shrek အနေနဲ့မင်းသမီးလေး Fiona ကို ကယ်တင်နိုင်ပါ့မလား၊ သူတို့နှစ်ယောက် ဘယ်လိုတွေဆက်ဖြစ်မှာလဲဆိုတာကိုဇာတ်လမ်းထဲမှာပဲ ကြည့်ရှုလိုက်ပါ။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Nway Oo ဖြစ်ပါတယ်