6.2
1,555
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

3.4 GB

Credit

200

Love Forecast (2015)

Comedy, Drama, Romance

Credits 200

ဒါကတော့ ၂၀၁၅ခုနှစ်က ထွက်ရှိခဲ့တဲ့ အချစ်ဟာသဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ ဟျွန်းဝူ (Moon Chae Won) နဲ့ ဂျွန်းဆူ (Lee Seung-gi) တို့ဟာ ၁၈နှစ်တာ ခင်မင်လာခဲ့ကြတဲ့ ဘော်ဒါအရင်းကြီးတွေပါ။ ဟျွန်းဝူက လူသိများတဲ့ မိုးလေဝသသတင်း ကြေညာသူဖြစ်ပြီး ဂျွန်းဆူကတော့ သာမန်အလယ်တန်းကျောင်းဆရာတစ်ယောက်ပါ။ သူတို့နှစ်ယောက်မှာ တူညီတဲ့အချက်ကတော့ အချစ်ရေးမှာ အဆင်မပြေမှုတွေ ရှိနေတာပါပဲ။ ဟျွန်းဝူက သူတို့ ရုပ်သံလွှင့်ဌာနက အိမ်ထောင်သည်ပီဒီအပေါ် မဖြစ်သင့်တဲ့ ခံစားချက်တွေ ရှိနေပြီး ဂျွန်းဆူကတော့ တွဲတဲ့မိန်းကလေးတိုင်း ရက် ၁၀၀ မပြည့်ခင် ထားခဲ့တာကို ခံနေရသူပါ။ ဂျွန်းဆူရဲ့ အချစ်ရေးအဆင်မပြေမှုနောက်ကွယ်က အဓိကအကြောင်းရင်းကတော့ သူငယ်ချင်း ဟျွန်းဝူကို ၁၈နှစ်တာလုံး တစ်ဖက်သတ်ချစ်မိနေလို့ပါပဲ။ ဒါပေမဲ့ ဟျွန်းဝူက သူ့ကို ယောကျာ်းတစ်ယောက်အဖြစ် ခံစားလို့မရဘူးဆိုပြီး ငြင်းခဲ့တာကြောင့် ၁၈နှစ်တာလုံး တစ်ဖက်သတ်အချစ်ကို မြိုသိပ်ပြီး သူငယ်ချင်းအဖြစ်နဲ့ပဲ အနားမှာဖြည့်ဆည်းပေးနေသူပါ။ သူတို့နှစ်ယောက် Friend Zone ထဲက ရုန်းထွက်ပြီး သာယာတဲ့ အချစ်ရေးကို တည်ဆောက်နိုင်မလားဆိုတာကိုတော့ Love Forecast ဆိုတဲ့ ဇာတ်ကားလေးမှာ ကြည့်ရှုခံစားနိုင်ပါပြီ။ ဇာတ်ကားအညွှန်းနဲ့ဘာသာပြန်သူကတော့ June Rose ဖြစ်ပါတယ်