6.7
221,749
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

3.2 GB

Credit

200

Gangster Squad (2013)

Action, Crime, Drama

Credits 200

ဒုတိယကမ္ဘာစစ်ပြီးတော့ အမေရီကန်ဟာ ကိုရီးယားပြည်တွင်းစစ်ကို ဝင်ပါတယ် ၊ နောက်ကျူးဘားအရေးကြောင့် ရုရှားနဲ့ စစ်ဖြစ်မလိုလိုအထိ ဖြစ်ခဲ့တယ် ။ ပြည်ပအရေးတွေ ဝင်ရောက်စွက်ဖက်တာများလာတယ် ပြီးတော့ ကမ္ဘာစစ်ဒဏ်ကိုလည်း တော်တော်ထိထားတော့ မိမိ ပြည်တွင်းအုပ်ချုပ်ရေးဘက်ကို ကောင်းကောင်းမလှည့်ကြည့်နိုင်တော့ဘူး ။ အဲသလိုတွေ ပြည်တွင်း အုပ်ချုပ်ရေးဘက် ပေါ့လျော့ခဲ့လို့ အမေရီကန်ပြည်သူတွေဟာ လူဆိုးဂိုဏ်းတွေရဲ့ ဒုက္ခပေးခြင်းကို တော်တော်ခံခဲ့ရတယ် ။ ဂျွန်ဒီလင်ဂျာလို ပြည့်သူရန်သူ နံပါတ်-၁ လို့ ကြေငြာရတဲ့အထိ လူဆိုးတွေ ပေါ်ထွက်လာတယ် ။ ဒီရုပ်ရှင်က ၁၉၄၉ ခုနှစ် အမေရီကန်ရဲဌာနတွေ ၊ တရားရေးဌာနတွေ အကျင့်ပျက်ခြစားပြီး မကောင်းမှုပြုရာတွေကို အခြေခံပြီး ရိုက်ကူးထားတယ် ။လော့အိန်ဂျလိစ်မြို့မှာ လောင်းကစားရုံ ၊ ပြည့်တန်ဆာအိမ် ၊ မူးယစ်ဆေးအရောင်းအဝယ်စသဖြင့် မကောင်းမှုမှန်သမျှအကုန်လုံး ထိန်းချုပ် လုပ်ကိုင်နေတဲ့ ဂိုဏ်းစတား တစ်ယောက်ရှိတယ် ။ သူက အရင်တုန်းက လက်ဝှေ့လောက က လူ ၊ သူနာမည်က မစ်ကီ ကိုဟန် ။ သူက ငွေအင်အားကြီးတယ် ၊ လူအင်အားတောင့်တယ် ၊ ငွေနဲ့ အရာရှိတွေကို သူ့လက်ခုပ်ထဲ ထည့်ထားနိုင်တယ် ။ လော့အိန်ဂျလိစ့်မြို့ကို သူပိုင်တယ်လို့တောင် သူက ဆိုတယ် ။ သူငွေနဲ့ ချုပ်ကိုင်လို့မရတာက လော့အိန်ဂျလိစ် ရဲတပ်ဖွဲ့က ဂျွန်အိုမာရာ ..တရားသူကြီးတွေ ရဲချုပ်တွေအထိ လာဘ်ထိုးထားလို့ မစ်ကီကိုဟန်ကို သက်သေရှိရင်တောင် ဖမ်းမရခဲ့ပါဘူး ။ တစ်နေ့မှာ ရဲမှူးက ဂျွန်အိုမာရာကို ခေါ်တွေ့တယ် ။ ကိုဟန်ရဲ့ လုပ်ငန်းတွေကို တရားဥပဒေအပြင်က နှောင့်ယှက်ဖျက်ဆီးပစ်ဖို့ပေါ့ ။ တစ်ကယ့် ဂိုဏ်းစတားတစ်ယောက်ရဲ့ အသိုင်းဝိုင်းကြားမှာ သူ့ လုပ်ငန်းတွေကို သာမန်ရဲစုံထောက် တစ်ယောက်အနေနဲ့ လွယ်လွယ်တော့ ဖျက်ဆီးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး ။ဒါပေမယ့် နာကျည်းစိတ်တွေပါလာရင်တော့ …