6.3
72,707
...

Video Quality

Blu-ray 1080p

Audio Quality

DTS HDMA 5.1

File Size

4.2 GB

Credit

500

The Collector (2009)

Horror, Thriller

Credits 500

ထောင်ချောက်တွေအပြည့်နဲ့ ကြိုတင်စီစဉ်ထားပြီး ရက်ရက်စက်စက်သတ်တာမျိုး ကြိုက်ရင် ဒီကားကြည့်ပါ။ တစ်ကားလုံးနီးပါး သွေးထွက်သံယိုတွေချည်းပါပဲ။ ဇာတ်လမ်းအကျဉ်းပြောရရင် အာကင်မှာ ဇနီးနဲ့သမီးရှိပြီး လူသူမနီးတဲ့တောထဲက သူ့အလုပ်ရှင်ဆီမှာ အိမ်ပြင်ပေးနေရတာပါ။ အဲ့သူဌေးမိသားစုက အဲ့အိမ်ကိုပြောင်းလာတာ မကြာသေးပါဘူး။ အိမ်ရှင်မိုက်ကယ်မှာက ဇနီးရယ် ဆယ်ကျော်သက်အရွယ်သမီးရယ် အာကင့်သမီးနဲ့ရွယ်တူကလေးမလေးတစ်ယောက်ရယ် ရှိပါတယ်။ အာကင်ရဲ့ဇနီးက ကြေးစားတွေဆီ အကြွေးတင်နေပြီး ငွေအပူတပြင်းလိုနေတဲ့အခါ အာကင်က သူ့မိန်းမကိုကယ်ဖို့ အရင်ကလုပ်ဖူးတဲ့ အလုပ်ကို ပြန်လုပ်ရပါတော့တယ်။ အိမ်ရှင်မိုက်ကယ်တို့မိသားစုတွေ ခရီးထွက်နေတုန်း မီးခံသေတ္တာဖောက်ဖို့ ကြံစည်ထားတဲ့အာကင်က ညဘက်မှာ အိမ်ထဲဝင်လာပါတယ်။ ဒါမဲ့ အိမ်ထဲမှာ ထောင်ချောက်တွေအပြည့်ဖြစ်နေပြီး အိမ်ရှင်မိသားစုကို သတ်ဖို့ အာကင်ထက်အရင်ရောက်နေတဲ့သူရှိ‌တဲ့ခါ...နောက်ဆုံးမှာ အာကင်ပါ အိမ်ရှင်မိသားစုနဲ့အတူ ကံဆိုးမလား လွတ်မြောက်သွားမလား ဆက်လက်ရှုစားနိုင်ပါပြီ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Shune Lai KK ဖြစ်ပါတယ်