ဒီကားလေးကတော့ မစ္စတာဘင်းမင်းသားကြီးကို မတူတဲ့ကာရိုက်တာဖြစ်တဲ့ ဘုန်းတော်ကြီးအသွင်နဲ့မြင်ရမှာဖြစ်ပါတယ် ဇာတ်လမ်းလေးကတော့ ပေါ့ပေါ့ပါးပါးလေးနဲ့ လူကိုဆွဲခေါ်သွားနိုင်တဲ့ မိသားစုကားလေးပါ။ ဘုန်းတော်ကြီးဇနီးဖြစ်သူဟာ မိဘမဲ့ဖြစ်ပြီး ဂေဟာမှာကြီးပြင်းရင်း အထီးကျန်စွာနေခဲ့ရသူပီပီ ရိုးရိုးသားသားနဲ့ တရားဘက်ကိုပဲ အာရုံစိုက်နေတဲ့သူမယောက်ျားကိုပါ စိတ်ကုန်လာပြီး ဖောက်ပြန်ပါတော့တယ် အဲ့လိုဖြစ်ချင်သလိုဖြစ်နေတဲ့အိမ်ကို ဂရေ့ဆိုတဲ့အိမ်အကူအဘွားကြီးတစ်ယောက်ရောက်လာတဲ့အခါ ထူးထူးခြားခြားတွေစဖြစ်ပြီး မိသားစုကအဆင်ပြေစပြုလာပါတော့တယ်။ အဲ့အဘွားကြီးသရုပ်မှန်ကဘာဖြစ်မလဲ ဘာတွေမိသားစုထဲဖြစ်ပျက်ကြဦးမလဲဆိုတာ ဟာသအနှောလေးနဲ့ကြည့်ရှူရမှာဖြစ်ပါတယ်။
ဒီဇာတ်ကားကို အညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Thansin ဖြစ်ပါတယ်