6.7
522,307
...

Video Quality

Blu-ray 1080p

Audio Quality

TrueHD 5.1

File Size

3.5 GB

Credit

500

Charlie and the Chocolate Factory (2005)

Adventure, Comedy, Family

Credits 500

ဒီတစ်ခါမိတ်ဆက်ပေးချင်တဲ့ဇာတ်ကားလေးကတော့ ၂၀၀၅ ခုနှစ်မှာထွက်ရှိခဲ့တဲ့ Wonka ရဲ့ ဒုတိယမြောက်ဇာတ်ကားလေးဖြစ်ပြီး မင်းသားကြီး ဂျွန်နီဒက်ပ်က Wonka အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားလေးမှာတော့ Williy Wonka ဟာ ချောကလက်စက်ရုံကြီးကို ဝန်ထမ်းတွေ အများကြီးနဲ့လည်ပတ်နေပြီး အမြဲတမ်းအရသာသစ်တွေ၊ ဖန်တီးမှုအသစ်တွေနဲ့ ချောကလက်တွေကို ထုတ်လုပ်နေခဲ့ပါတယ်။ ဒါပေမဲ့ တခြားပြိုင်ဘက်တွေက Williy Wonka ရဲ့စက်ရုံထဲမှာ သူလျှိုတွေထည့်ပြီး လျှို့ဝှက်ချောကလက်လုပ်နည်းတွေကို ခိုးယူခဲ့ကြပါတယ်။ တစ်နေ့မှာတော့ Williy Wonka ဟာ သူ့ရဲ့ချောကလက်လုပ်နည်းတွေကို ခိုးယူနေတာကို သတိထားမိသွားပြီး ဝန်ထမ်းတွေအားလုံးကို ပြန်လွှတ်ကာ စက်ရုံကို ထာဝရပိတ်သိမ်းလိုက်ပြီလို့ ကြေညာခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး ချောကလက်စက်ရုံကြီးဟာ လုံးဝအသက်မဲ့သွားပါတော့တယ်။ ချီလီလေးဟာ သူ့မိဘ၊ ဘိုးဘွားတွေနဲ့အိမ်စုတ်လေးမှာနေထိုင်ပြီး ဆင်းရဲလွန်းလို့ နေ့တိုင်း ဂေါ်ဖီစွပ်ပြုတ်ပဲသောက်နေရတာပါ။ တစ်နေ့မှာတော့ အသက်မဲ့နေတဲ့ ချောကလက်စက်ရုံကနေ ကြေညာချက်တစ်ခုထွက်ပေါ်လာခဲ့ပါတယ်။ အဲဒါကတော့ ကမ္ဘာပေါ်က Wonka ချောကလက်ချောင်းတွေမှာ ရွှေရောင်လက်မှတ်ငါးခုပါရှိပြီး အဲဒီလက်မှတ်ကိုကံထူးတဲ့ ကလေး၅ယောက်က ချောကလက်စက်ရုံထဲကို တစ်နေ့တာလည်ပတ်ကြည့်ရှုခွင့်ရမှာပါ။ အဲဒီတော့ ချမ်းသာတဲ့အသိုင်းအဝိုင်းက ကလေးတွေက ရွှေရောင်လက်မှတ်ကိုချင်လို့ အသည်းအသန်ဝယ်နေကြသလို ချာလီကလည်း သူ့မွေးနေ့မှာ သူ့မိဘတွေ နှစ်စဉ်လက်ဆောင်ပေးနေကျဖြစ်တဲ့ ချောကလက်ချောင်းလေးကို မျှော်နေခဲ့ပါတယ်။ အဲဒီတော့ ရွှေရောင်လက်မှတ် ကံထူးရှင်ငါးယောက်မှာ ချာလီလေးပါသွားမလား။ ချောကလက်စက်ရုံကြီးထဲမှာရော ပဟေဠိဆန်တဲ့ ဘယ်လိုအကြောင်းအရာတွေရှိနေမလဲဆိုတာ စိတ်ဝင်တစား ကြည့်ရှုခံစားရမှာပါ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ MCEC ဖြစ်ပါတယ်