6.9
147,129
...

Video Quality

Blu-ray 1080p

Audio Quality

DTS ES 5.1

File Size

3.4 GB

Credit

300

In the Heart of the Sea (2015)

Action, Adventure, Biography

Credits 300

အမေရိကန်နာမည်ကျော်စာရေးဆရာ ဟာမင်းမဲလဗီး၏ မိုဗီဒစ် (Moby-Dick) ဝတ္ထု ကို ပြန်လည်ပြု ပြင်၍ အသက်သွင်းထားသည့် ယခု ရုပ်ရှင်မှာ ပင်လယ်ပြင်စွန့်စားခန်း ဇာတ်လမ်းဟု ပြောလို့ရပါမည်။ မူရင်း မိုဗီဒစ် ဝတ္ထု ကို အသက်သွင်းထားတဲ့ စာရေးဆရာ ဟာမင်းဖြစ်သူကလည်း သဘောၤသားတစ်ယောက်ဖြစ်သောကြောင့် ယခု ဝတ္ထု မှာဇာတ်အိမ်ပီပြင်၍ ကမ္ဘာကျော်ခဲ့သည်။မိုဗီဒစ်ဆိုတာ ဝေလငါးဖြူ ကြီးတစ်ကောင်ဖြစ်ပြီး ဝေလငါးဖမ်းသဘောၤများကို ဖျက်ဆီးသည့် ရေသတ္တဝါကြီးဖြစ်သည်။သဘောၤသား နစ်ရှေးက သူတွေ့ကြုံ ခဲ့ရသည့် သဘောၤကပ္ပတိန် အဟတ်နှင့် မိုဗီဒစ်တို့ ယှဉ်ပြို င်တိုက်ခိုက်ပုံ ။ပြီးနောက်တွင် ပင်လယ်ပြင်ထဲတွင် ဒုက္ခရောက်ပုံကို ဇာတ်ကြောင်းပြောပြတဲ့ ပုံစံဖြင့် ဝတ္ထု ကို ရေးသားထားသည်။မီးအလင်းရောင်အတွက် ဝေလငါးဆီမှာ အဲဒီခေတ်ကာလတွင် အထူးအရေးပါအဖိုးတန်သောအရာတစ်ခုဖြစ်ပြီး ဝေလငါးဖမ်းဆီးပုံကို ရေးဖွဲ့ထားခြင်းဖြစ်ပါသည်။မူရင်း မိုဗီဒစ် ဝတ္ထု မှာ စာရေးဆရာဟာမင်း အာဘော်အတွေ့ဆုံး ဝတ္ထု တစ်ပုဒ်ဖြစ်ပေမယ့် လူကြို က်များမှု မရှိခဲ့ပေ။သူကွယ်လွန်ပြီးမှသာအောင်မြင်လာသည်။သူအဓိကဖွဲ့ထားသော မိုဗီဒစ်မှာ ဒဏ္ဍာရီဆန် နိမိတ်ပုံတစ်ခုဖြစ်ပြီး ဆိုးရွာသောဘုရားသခင် တမန်တော်လိုမျို းဖြစ်သည်။လူသားများ၏ရက်စက်မှု ကို ဝေလငါးများဘက်ကနေ ပြန်လည်တိုက်ခိုက်သော သတ္တဝါကြီးအဖြစ်မြင်ကြရသည်။ ယခု ရုပ်ရှင်တွင်မူ စာရေးဆရာ ဟာဗေးက ဆင်းရဲနေတဲ့ သဘောၤသားအိုကြီး Thomas Nickerson ဆီ အခငွေကြေးပေး၍ မိုဗီဒစ်သတ္တဝါကြီးအကြောင်း မေးမြန်းပြီး ဇာတ်လမ်းပြောပြပုံဖြင့် ဇာတ်လမ်းကိုတည်ဆောက်ထားသည်။Thomas သည် မာလိန်မှု း Owen Chase ၏ သဘောၤပေါ်တွင် သဘောၤသားဝင်လုပ်ပြီး ဝေလငါးဖမ်းခဲ့ကြသည်။သဘောၤပေါ်တွင် အရပ်ဘက်ကပ္ပတိန် Pallardလည်း ပါဝင်အုပ်ချု ပ်သည်။သူတို့အလုပ်က ဝေလငါးဖမ်း၍ အဆီထုတ်မည်။အဆီလုံလုံလောက်လောက်ရရှိပြီးပါက အိမ်ပြန်ကြမည်။ ထိုသို့ရွက်လွှင့်နေကြရာကနေ ကျွန်းတစ်ကျွန်းကပ်မိရာက မိုဗီဒစ်အကြောင်းကို ကြားခဲ့ရခြင်းဖြစ်သည်။ကပ္ပတိန်သည် မိုဗီဒစ်နောက်ကို လိုက်ခဲ့သည်။နောက်တော့ မိုဗီဒစ်၏ တိုက်ခိုက်မှု ကိုခံရပြီး ဒုက္ခရောက်ကုန်တော့သည်။ မိုဗီဒစ်သည် သူတို့၏ မျှော်လင့်ချက် ယုံကြည်ချက်တွေကို ဖျက်ဆီးပစ်ခဲ့သည်။ပျက်ရယ်ပြု ခဲ့သည်။ဒေါသကိုဆွခဲ့သည်။ထို့နောက်တွင် အသက်ရှင်ရပ်တည်ဖို့အတွက် ပင်လယ်ပြင်ထဲမှာ ကြံ့ကြံ့ခိုင်ဖြတ်သန်းရတော့သည်။ မိုဗီဒစ်ကို သူတို့အနိုင်ယူနိုင်ပါ့မလား။ ပင်လယ်ပြင် စွန့်စားခန်းဇာတ်လမ်းဖြစ်သဖြင့် စိတ်ပျက်ဖွယ် ဇာတ်ဝင်ခန်းတွေ လှိုင်လှိုင်ကြီးသုံးထားသည်။ အစာရေစာငတ်ပြတ်တာတွေ။ လူသားစားတာတွေ စသဖြင့်ပေါ့။ သို့ရာတွင်မူ မလိုအပ်သော ဇာတ်ကြောင်းပြန်ပြောခန်းနှင့် ဇာတ်ဝင်ခန်း အချို့ကြောင့် ဇာတ်ကားမှာ အီသွားရပါသည်။ ထင်သလောက် ရုပ်ရှင်၏ ထိရှမှု Tempo ကို မခံစားရခဲ့။အထူးသဖြင့် မိုဗီ ဒစ်၏ အခန်းကဏ္ဍမှာ မှေးမှိန်နေသလိုခံစားရပါသည်။ ဇာတ်၏ ခြုံ ငုံမှု အောက်တွင် ကပ္ပတိန် Chase ၏ ဇာတ်ရုပ်ကလည်း ထင်သလောက် ကြွတက်မလာတာကို တွေ့ရပါသည်။ မည်သို့ပင်ဖြစ်စေ ရုပ်ရှင်ကားကောင်းတစ်ကား၏ အငွေ့အသက်တွေ့ကိုတော့ အားပါးတရ ခံစားကြရပါမည်။