5.3
4,266
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

3 GB

Credit

200

Hard Target 2 (2016)

Action, Thriller

Credits 200

Hard Target ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားလေးကတော့ လက်ဝှေ့သမားတစ်ယောက်ရဲ့ ပြိုင်ပွဲ‌ပေါ်မှာထားရှိတဲ့ အနိုင်ရလိုစိတ်တွေ ၊ သူငယ်ချင်းပေါ်ထားတဲ့ သံယောဇဉ်တွေနဲ့ ယှဉ်ပြိုင်လိုစိတ်တွေ ကို အခြေပြုပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ အချစ်ဆုံးသူငယ်ချင်း နဲ့ လက်ဝှေ့ယှဉ်ပြိုင်ထိုးရာက အနိုင်လိုစိတ်ကြောင့် စိတ်မထိန်းနိုင်ဘဲ လက်လွန်သွားတဲ့အခါမှာ သူငယ်ချင်းရဲ့ ဖြစ်ချင်ခဲ့တဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပေးဖို့ ပိုက်ဆံအတွက် ကမ်းလှမ်းခဲ့တဲ့ မြန်မာနိုင်ငံက လက်ဝှေ့ပြိုင်ပွဲကို လက်ခံခဲ့ပေမယ့် တကယ်လက်တွေ့မှာတော့ လက်ဝှေ့ပြိုင်ပွဲမဟုတ်ဘဲ မြန်မာနိုင်ငံ‌ တောတောင်တွေထဲမှာ တောတွင်းအမဲလိုက်လူသတ်ပွဲလို ဖြစ်နေတဲ့အခါ။ လူ့အသက်ကို ဂိမ်း လို သဘောထားပြီး ဆော့ကစားနေကြတဲ့ ပြိုင်ပွဲရဲ့ နောက်ဆုံး ရလဒ်က ဘယ်လိုဖြစ်လာမလဲ။ သူငယ်ချင်း ဖြစ်သူရဲ့ ဆန္ဒတွေကိုရော ဖြည့်ဆည်းပေးနိုင်ပါ့မလား။ ဘယ်လိုအခက်အခဲတွေ နဲ့ ရင်ဆိုင်ရပြီး ဘယ်လိုလွတ်မြောက်အောင် လုပ်နိုင်မလဲဆိုတာ စိတ်ဝင်တစားနဲ့ ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားအတွက် ဘာသာပြန်နဲ့အညွှန်းရေးသားသူကတော့ MTK_May ဖြစ်ပါတယ်။