အမျိုးသမီးဆို ပန်းချီတောင်ပေးမဆွဲတဲ့ခေတ်မှာ ပန်းချီပါရမီအရမ်းထူးတဲ့ကောင်မလေးတစ်ယောက် ရှိသတဲ့။ သူ့လက်ရာတွေကို သူ့အဖေကမသိပဲ သူ့အစ်ကိုလက်ရာအဖြစ် အရပ်ပတ်ကြွားရင်းက အကြောင်း မသင့်လို့ အရှက်တကွဲဖြစ်ပြီး သူ့အစ်ကိုဟာ သူ့ဘာသာအဆုံးစီရင်သွားပါတယ်။ အဖေလုပ်သူဟာ အပြစ်အားလုံးကောင်မလေးပေါ်ပုံချ၊ သူ့အတ္တအတွက် သမီးကို သေသွားတဲ့ သားအဖြစ်ဟန်ဆောင်ခိုင်းပြီး နန်းတွင်းကို ပန်းချီပညာတော်သင်လွတ်လိုက်ပါတယ်။ ယောက်ျားလေးအဖြစ်ဟန်ဆောင်ကာ ပညာသင် နေရင်းက သာမန်အရပ်သားတစ်ဦးနဲ့ ဆုံတွေ့ချစ်ကြိုက်မိသွားချိန်မှာပဲ သူ့ရဲ့ ဆရာဖြစ်သူကလည်း သူ့ကို မိန်းကလေးမှန်းသိသွားကာ ကြိုက်မိနေပါပြီ။ လူနှလုံးသားရဲ့ ချစ်ခြင်း၊ ညှို့ယူနိုင်စွမ်းနဲ့ ခံစားထိခိုက်လွယ်မှုတွေကြားက အလှတရားကို ပန်းချီကနေ တဆင့်ရှာပုံတော်ဖွင့်ခဲ့တဲ့ မိန်းကလေးတစ်ယောက်၊ သူ့ရဲ့ အချစ်ခရီးလမ်းကရော
ဖြောင့်ဖြူးနိုင်ပါ့မလား။
(18+ ဇာတ်ဝင်ခန်းများပါဝင်သောကြောင့် မိသားစုဝင်များ၊ ကလေးသူငယ်များနှင့်အတူ ကြည့်ရှုရန်မသင့်တော်ပါ။)
ဇာတ်ကားအညွှန်းနဲ့ ဘာသာပြန်သူကတော့ Masuji Ono ဖြစ်ပါတယ်။