6.8
5,553
...

Video Quality

Blu-ray 1080p

Audio Quality

DTS HDMA 5.1

File Size

4.4 GB

Credit

500

Cheeni Kum (2007)

Comedy, Drama, Romance

Credits 500

အချစ်မှာ မျက်စိမရှိသလို အသက်အရွယ်အပိုင်းအခြားဟာ အဓိကမဟုတ်ဘဲချစ်နေဖို့ပဲလိုတယ်ဆိုတဲ့ အချစ်ဇာတ်လမ်းလေးကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ လန်ဒန်မြို့ရဲ့ ‌အကောင်းဆုံးအိန္ဒိယစားသောက်ဆိုင်ပိုင်ရှင် ဘူဒါ။ ဆိုင်ပိုင်ရှင်ဘူဒါကတော့ စည်းကမ်းတင်းကြပ်ပြီး ဟင်းလျာတွေကို တစ်ချက်မှ မြည်းမကြည့်ဘဲ အရသာကောင်းမွန်အောင် ချက်နိုင်တဲ့ စားဖိုမှုးပဲ ဖြစ်ပါတယ်။ ဒီလို မြည်းမကြည့်တတ်တဲ့ အကျင့်ကြောင့် ဟင်းလျာတစ်ခုမှာ အချိုကဲသွားတဲ့အတွက် ဧည့်သည်တစ်ယောက်ပြဿနာရှာတာကို ဒေါသရှေ့ထားပြီး ရန်ထောင်မိသွားပါတယ်။ အဲ့ဒေါသကြောင့် သူ့ထက် အနှစ်သုံးဆယ်ငယ်တဲ့ နီးနာဆိုတဲ့ ကောင်မလေးနဲ့ဆုံတွေ့ခွင့်ရသွားစေခဲ့ပါတယ်။ အဲ့က စတင်ခဲ့တဲ့ 64နှစ်အရွယ် အမျိုးသားတစ်ယောက်နဲ့ 34နှစ်အရွယ် အမျိုးသမီးတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးဟာ အဆင်ပြေလွယ်ကူပါ့မလား။ ဒါ့အပြင် ဒီကားလေးကို ကြည့်ရှု့ခံစားရင်း အသက်ကွာတဲ့ဆက်ဆံရေးတွေမှာ ဘယ်နေရာကနေ ဘယ်လိုမျိုးညှိယူရမလဲဆိုတာကိုပါ လေ့လာလို့ရမယ့် ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ ဤဇာတ်ကားကိုအညွှန်းရေးပေးပြီး ဘာသာပြန်ပေးသူမှာ Iris ဖြစ်ပါတယ်။