ခွေးတွေမှာလူတွေထက်ပိုပြီးအားသာချက်တွေအများကြီးရှိပါတယ်။အဲ့ဒီထဲကမှအကြီးမားဆုံးအားသာချက်ကတော့သစ္စာရှိပြီး ဘယ်တော့မှအချစ်ကိုမလိမ်တတ်တာပါပဲ။အဲ့ဒါကြောင့်မလို့တချို့လူတွေကလူတွေထက်ခွေးလေးတွေကိုပိုချစ်တတ်ကြပါတယ်။အခုတင်ဆက်ပေးမဲ့ IMDb Rating 6.8 ရရှိထားတဲ့ DogMan ဆိုတဲ့ဇာတ်ကားထဲမှာလည်း ကြမ်းတမ်းတဲ့ဘ၀ကိုခွေးတွေနဲ့အတူတူကျော်ဖြတ်ခဲ့ရတဲ့လူတစ်ယောက်အကြောင်းကိုစိတ်ဝင်စားစရာရိုက်ကူးတင်ဆက်ထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒေါ့ဂလက်စ်ဆိုတဲ့ကောင်လေးတစ်ယောက်က ငယ်စဉ်ဘ၀မှာနှိပ်စက်တတ်တဲ့အဖေနဲ့အတူတူနေခဲ့ရပါတယ်။သူ့အဖေနှိပ်စက်တာသူတို့မိသားစုဝင်တွေတင်မကပဲ သူမွေးထားတဲ့ခွေးတွေကိုလည်းနှိပ်စက်ပါသေးတယ်။အဲ့ဒါကြောင့်ဒေါ့ဂလက်စ်ကခွေးတွေကိုကာကွယ်ပေးရင်းနဲ့သေရာပါဒဏ်ရာတစ်ခုရသွားပြီးလမ်းမလျှောက်နိုင်တော့ပါဘူး။ဒါပေမယ့်ကံကြမ္မာရဲ့မျက်နှာသာပေးမှုကြောင့်နှိပ်စက်တတ်တဲ့အဖေဖြစ်သူလက်ထဲကနေလွတ်မြောက်လာခဲ့ပြီး အဲ့ဒီနောက်ပိုင်းဘ၀မှာခွေးတွေနဲ့အတူတူသာနေထိုင်ခဲ့ပါတော့တယ်။လူတွေကိုယုံကြည်ဖို့ကြိုးစားပေမဲ့လူတွေရဲ့ဆိုးယုတ်တဲ့အကျင့်စရိုက်တွေကြောင့်လူတွေနဲ့ဝေးဝေးနေပြီးခွေးတွေကိုသာချစ်ခင်မြတ်နိုးခဲ့ပါတော့တယ်။သူ့ဘ၀ရဲ့အတိတ်မှာဖြစ်ပျက်ခဲ့တဲ့အရာတွေရော အနာဂတ်မှာပါဘယ်လိုစိတ်ဝင်စားစရာကောင်းတဲ့အရာတွေဆက်ဖြစ်လာမယ်ဆိုတာကိုစိတ်ဝင်စားစရာကောင်းတဲ့ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။
ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Eazy ဖြစ်ပါတယ်