7.4
365,934
...

Video Quality

Blu-ray 1080p

Audio Quality

DTS HDMA 5.1

File Size

5 GB

Credit

500

The Nice Guys (2016)

Action, Comedy, Crime

Credits 500

IMDb (7.4/10)…Rotten Tomatoes(92%) ယခုဇာတ်ကားကို ကြည့်နေစဉ်မှာ ကျွန်တော်ဘယ်ဇာတ်ကားတွေကို သွားသတိရမိစေလဲဆိုတော့ Chinatown နဲ့L.A. confidential ဇာတ်ကားတွေပဲ။ ဒါပေမဲ့ ထိုဇာတ်ကားတွေနဲ့ ကွာခြားချက်တစ်ခုကတော့ အသောမတတ်နိင်အောင် ရယ်မောနေစေရတဲ့ ဇာတ်ဝင်ခန်းတွေပဲ။ ဟာသလို့ပြောရမယ်ဆိုရင် “Lethal Weapon” နဲ့ “Boogie Nights” တို့နဲ့လည်းသွားဆင်တူသေးတယ်။ ခင်ဗျားဟာ ဇာတ်အိမ်ကောင်းကောင်းတစ်ကား ကြည့်ချင်မယ်။ Action ခန်းတွေကိုလည်း များနိုင်သမျှများ၊ ကြမ်းနိုင်သမျှကြမ်းစေချင်မယ်။ ဒီကြားတည်း ဟာသခန်းလေးတွေလည်း ကြည့်ချင်သေးတယ်ဆိုရင်တော့ 2016 အတွက် ရှားရှားပါးပါး ယခု The Nice Guys ဆိုတဲ့ တစ်ကားလေးပဲ ထွက်ပေါ်လာခဲ့တယ်။ နောက်ထပ် တစ်ချက်က ဇာတ်သိမ်း၊ အားမရခဲ့ပေမဲ့ ယုတ္တိရှိတယ်လို့ပြောလို့ရတယ်။ ကျွန်တော်တို့အပြင် လက်တွေ့လောကကြီးတွေထဲမှာလည်း ယခုအတိုင်းပင် ငွေကြေးရှိရင် ဥပဒေတွေက လွတ်မြောက်စမြဲပင်လေ။ ဒီဇာတ်ကားကို Director Shane Black က ကိုယ်တိုင်ရေးသားကာ ကိုယ်တိုင် ရိုက်ကူးခဲ့သည်။ ဒါကြောင့် Lethal Weapon နဲ့ဆင်တူတယ်လို့ခံစားရတာကိုး။ သရုပ်ဆောင်တွေအဖြစ်ကတော့ Ryan Gosling နဲ့ Russell Crowe။ ဟာသမဟုတ်တဲ့ ဟာသကောင်နှစ်ယောက်ပါဗျာ။ အခုချိန်ထိ သူတို့နှစ်ယောက်ပုံတွေ မျက်လုံးထဲမှာ ပြန်မြင်လာပြီး ရယ်ချင်မိသေးတယ်။ The Nice Guys ဟာ ကျွန်တော့်အတွက်တော့ The Nicest Movie of 2016 ပါပဲ။