6.8
427,223
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

2.8 GB

Credit

200

Bruce Almighty (2003)

Comedy, Fantasy

Credits 200

God ကို အပြစ်တင်ဖူးတယ်ဆိုရင်တော့ ကြည့်ဖြစ်အောင် ကြည့်လိုက်ပါ။ High-Concept Comedy ကားလေးတစ်ကားဖြစ်တဲ့ Bruce Almightyနဲ့ မိတ်ဆက် ပေးချင်ပါတယ်။ ရယ်မောအပန်း ဖြေနိုင်သလို ပညာပေးလေးလည်း ဖြစ်တဲ့ ကားကောင်းတစ်ကားပါ။ ဒီကားမှာ Jim Carrey (The Mask, Ace Ventura), Morgan Freeman (Shawshank Redemption), Jennifer Aniston (We're the Miller) တို့အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းကတော့ Bruce Nolan (Jim Carrey) နဲ့ Grace Connelly (Jennifer) တို့က အတူနေ ချစ်သူတွေဖြစ်ပြီး Bruce က Reporter တစ်ယောက်ဖြစ်ပြီး၊ သတင်းကြေငြာသူအဖြစ် ရာထူးတိုးဖို့ ကြိုးစား မျှော်လင့်နေသူဖြစ်ပါတယ်။ သူနဲ့ အပြိုင် Evan (Steve Carell) က သတင်းကြေငြာ သူဖြစ်သွားတဲ့ အခါမှာတော့ စိတ်မထိန်းနိုင်ပဲ၊ Live News မှာ ထပေါက်ကွဲလို့ အလုပ်က ထုတ်ခံရပါတယ်။ Bruce က သူ့ဘဝမှ အဆင်မပြေတာ တွေ ကြုံလာတိုင်း God ကိုပဲအပြစ်တင်လေ့ရှိပြီး ဒီတစ်ခါမှာလည်း God က အလုပ်ကို ကောင်းကောင်းမလုပ်သလို၊ Evan ကို ပဲ ကြည့်ရှုစောင်မနေပြီး၊ သူ့ကို တော့ လျစ်လျူရှုထားတယ်လို့ ဒေါသတကြီး အပြစ်တင်ဝေဖန်ပါတယ်။ အဲ့ဒီအချိန်မှာပဲ သူ့ရဲ့ Pager က ဖုန်းဝင်လာပြီး ဖုန်နံပါတ် 555-0123 လို့ပေါ်နေပါတယ်။ နောက်တစ်နေ့မနက်ရောက်တဲ့အထိ Pager မှာ ဝင်နေတာ ဖြစ်လို့ ဖုန်းပြန်ခေါ်လိုက်တဲ့အခါမှာ သူ့ကို အလုပ် ခန့်မှာဖြစ်လို့ အရောက်လာဖို့ချိန်းဆိုပါတယ်။ သူရောက်သွားတဲ့အခါမှာတော့ ထင်ထားသလို ဖြစ်မနေပဲ သူ့ကိုအလုပ်ခန့်ဖို့ခေါ်လိုက်တာကတော့ God ကိုယ်တိုင်ဖြစ်နေတာ ကို တွေ့လိုက် ရပါတယ်။ God က သူ့ကို ခဏခဏအပြစ်တင်နေတဲ့ Bruce ကို သူ့ရဲ့ ပါဝါတွေ အကုန်လွှဲပေးပြီး God ရဲ့အလုပ်ကို လုပ်ခိုင်းပါတယ်။ သူ့ထက်ပိုကောင်းအောင်လုပ်နိုင်မယ်ဆိုရင် လုပ်ဆိုတဲ့ သဘောဖြစ်ပါတယ်။ God ရဲ့စွမ်းအားတွေရသွားတဲ့ Bruce တစ်ယောက် စိတ်တိုင်းကျ လျှောက်လုပ်ရင်း ဖြစ်လာတာတွေကို ဟာသနှောပြီး တင်ဆက်ထားသလို နောက်ဆုံးမှာ လိုချင်တာရှိရင် ရအောင် ဖြစ်ချင်တာကိုဖြစ်အောင် ကိုယ်တိုင်ကြိုးစားဖို့၊ အရာအားလုံး ဆုတောင်းနေရုံနဲ့ဖြစ်မလာ နိုင်ဘူးဆိုတာကို သိသွားတဲ့ Bruce တစ်ယောက် အမြင်မှန်ရသွားပုံကို စိတ်ကူးကောင်းကောင်းနဲ့တင်ဆက်ထားပါတယ်။ ဟာသဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပြီး၊ Jim Carrey ရဲ့ အကောင်းဆုံး ဇာတ်ကားတွေထဲက တစ်ကားဖြစ်ပါတယ်။ Morgan Freeman ကလည်း Hollywood မှာ သူ မလုပ်ဖူးတဲ့ ဇာတ်ရုပ်မရှိသလောက် လို့ဆိုရအောင် ဖန်ဆင်းရှင် ဘုရားအဖြစ်နဲ့ ပီပီပြင်ပြင် သရုပ်ဆောင်ထားပါတယ်။ ပညာသားပါပါရိုက်ကူးထားပြီး၊ ဇာတ်လမ်းကလည်း ကောင်းမွန်ပါတယ်။ စိတ်ကူးစိတ်သန်းကောင်းကောင်းနဲ့ ရိုက်ကူးထားပြီး၊ လူငယ်တွေအတုယူနိုင်အောင် တင်ဆက်ထားပါတယ်။ Be the Miracle ဆိုတဲ့ဆောင်ပုဒ်လေးက ဒီကားရဲ့ အမှတ်ရစရာ စကားလေးအဖြစ် ကျန်နေခဲ့မှာပါ။ မိသားစုတူတူကြည့်နိုင်ပြီး Rated PG-13 ပါ။ (No Nudity)ပါ။ sex scene တစ်ခန်း ပါတယ်ဆိုပေမယ့် ဟာသအဖြစ်တင်ဆက်ထားတာပါ။