6.2
176,689
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

2.6 GB

Credit

200

Hitman (2007)

Action, Crime, Thriller

Credits 200

2007ခုနှစ်မှာထွက်ရှိထားတဲ့ “Hitman”ဇာတ်ကားကဆိုရင် နာမည်ကျော်”Hitman” ဗီဒီယိုဂိမ်းစီးရီးကို အခြေခံပြီးရိုက်ကူးထားပါတယ်။ ဇာတ်လမ်းကတော့ အေးဂျင့်၄၇ လို့အမည်ရတဲ့ ထူးချွန်တဲ့လုပ်ကြံရေးသမားတစ်ယောက် အကြောင်းကို တင်ဆက်ထားတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်း “အဖွဲ့အစည်း”လို့ပဲအမည်ရတဲ့ အဖွဲ့တစ်ခုဟာ မိဘမဲ့၊အပယ်ခံကလေးငယ်တွေကို ရွေးချယ်ပြီး သူတို့ရဲ့ဦးခေါင်းအနောက်ဘက်မှာ ဘားကုဒ်ပုံတက်တူးတစ်ခုစီထိုးပေးထားပါတယ်။ ဒီကလေးငယ်တွေကို ငယ်ငယ်လေးကတည်းက တိုက်ခိုက်နည်းမျိုးစုံကို တင်းတင်းကြပ်ကြပ် လေ့ကျင့်သင်ကြားပေးပြီး ထူးချွန်တဲ့ကြေးစားလူသတ်သမားတွေအဖြစ် ပျိုးထောင်ပေးနေပါတယ်။ တစ်နေ့မှာတော့ သူတို့တွေထဲက အတော်ဆုံးလုပ်ကြံရေးသမားဖြစ်တဲ့ အေးဂျင့် ၄၇က ရုရှားသမ္မတမစ်ခ်ဟိုင်းဘယ်လီကော့ဖ်ကို လုပ်ကြံဖို့ငှားရမ်းခံရပါတယ်။ ထူးချွန်ပြီးတာဝန်ကျေပွန်တဲ့ လုပ်ကြံရေးသမားပီပီ အေးဂျင့် ၄၇ က ရုရှားသမ္မတကို ပိပိရိရိပဲ အဝေးကနေပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။ ဒါပေမယ့်”အဖွဲ့အစည်း”ရဲ့ရုံးချုပ်ကဆက်သွယ်လာရာမှာတော့ သူဟာသူ့တာဝန်ကိုပြီးမြောက်အောင်မလုပ်နိုင်ခဲ့ဘဲ သမ္မတကအသက်ရှင်နေဆဲဖြစ်ကြောင်း သိရှိလိုက်ရပါတယ်။ ဒါ့အပြင် သူ့လုပ်ကြံမှုကိုတွေ့မြင်သွားတဲ့ မျက်မြင်သက်သေကောင်မလေးတစ်ယောက်လဲရှိကြောင်း သိလိုက်ရတဲ့အတွက် နှုတ်ပိတ်ဖို့အသွားမှာ သူ့ကိုချောင်းမြောင်းပစ်ခတ်တာနဲ့တွေ့ကြုံလိုက်ရပါတယ်။ပြီးတော့ သူသိထားသလိုမဟုတ်ဘဲ မျက်မြင်သက်သေကောင်မလေးဟာ သူ့ကိုအရင်ကမမြင်ဖူးကြောင်းလဲသိလိုက်ရပါတယ်။ ကောင်မလေးကမျက်မြင်သက်သေမဟုတ်ဘူးဆိုရင် သူရထားတဲ့သတင်းအတိုင်း ဘာဖြစ်လို့အဲ့နေရာရောက်နေရတာလဲ…သူ့ကိုရောဘယ်သူက ပစ်ခတ်ခဲ့တာလဲ….တစ်ခါမှပစ်မှတ်မလွဲဖူးတဲ့အေးဂျင့်၄၇က ရုရှားသမ္မတကိုသေချာလုပ်ကြံခဲ့ရဲ့သားနဲ့ ဘာလို့အသက်ရှင်နေသေးတာလဲ….စတဲ့ပဟေဠိများစွာအပြင် တာဝန်အရလူတွေကို လိုက်လံသတ်ဖြတ်နေတဲ့ ကြေးစားလူသတ်သမားဘဝကနေ ရုတ်တရက် သူကိုယ်တိုင် သားကောင်ဖြစ်သွားတဲ့ အေးဂျင့်၄၇က နိုင်ငံရေးလှည့်ကွက်တွေကြားမှာ ဘယ်လိုအသက်ရှင်ရုန်းထွက်နိုင်မလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုသွားရမယ့် ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုဘာသာပြန်ပေးသူကတော့ Ku$hKura ဖြစ်ပါတယ်