5.7
43,103
...

Video Quality

Blu-ray 1080p

Audio Quality

DTS HDMA 5.1

File Size

3.8 GB

Credit

500

Money Train (1995)

Action, Comedy, Crime

Credits 500

App ထဲကနေ Movie Request လုပ်ထားတဲ့ကားတွေထဲက တစ်ကားဖြစ်တဲ့ Money Train လေးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ် ကားဟောင်းတွေကိုမှ ကြိုက်နှစ်သက်သူတွေအတွက် (1995) ခုနှစ်က ထွက်ရှိခဲ့ပြီး ရထားထဲကပိုက်ဆံကိုခိုးဖို့ကြိုးစားကြတဲ့ ရဲနှစ်ယောက်အကြောင်းကို ရိုက်ကူးထားတဲ့ Action, Comedy ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဂျွန်နဲ့ ချာလီတို့နှစ်ယောက်ဟာ ငယ်ငယ်လေးကတည်းက မိဘမဲ့ဂေဟာကနေထွက်ပြေးလာပြီး ညီအစ်ကိုရင်းပမာ ချစ်ခင်ကြသလို နယူးယောက်ရထားဘူတာမှာလည်း ရဲဝန်ထမ်းလုပ်နေကြသူတွေပါ။ တစ်နေ့မှာတော့ ကောင်လေးတစ်ယောက်ကို လိုက်လံဖမ်းဆီးရာကစလို့ ပိုက်‌ဆံတွေပါတဲ့ရထားကို ခိုးဖို့ကြံမိပါတော့တယ်။ တစ်ဖက်မှာလည်း လောင်းကစားလုပ်လေ့ရှိတဲ့ ချာလီက အကြွေးတွေတင်လာတဲ့အခါမှာတော့ ဒီအကြံအစည်ကိုပဲ ပိုစိတ်ကူးမိကြပါတော့တယ်။ ဒီအချိန်မှာ သူတို့နှစ်ယောက်အဖွဲ့ထဲကို ဂရေ့စ်ဆိုတဲ့ အမျိုးသမီးအရာရှိတစ်ယောက် ထပ်ရောက်လာတဲ့အခါ ဘယ်လိုအပြောင်းအလဲလေးတွေ ဖြစ်လာမလဲ... ဒီအချိန်မှာပဲ ဘူတာမှာ မိန်းကလေးတွေကို ခြိမ်းခြောက်တဲ့သူကိုရော သူတို့သုံးယောက်က ဘယ်လိုဖော်ထုတ်မလဲ... အကြွေးတွေနစ်နေတဲ့ ချာလီကရော အကြွေးဆပ်ဖို့ ကြံရာမရတဲ့အဆုံး ရထားကိုအပိုင်စီးပြီး ဘယ်လိုမျိုး ပိုက်ဆံတွေခိုးဖို့လုပ်မလဲ... နောက်ဆုံးမှာ ချာလီ့အဖြစ်ကို လက်ပိုက်ကြည့်မနေနိုင်တဲ့ ဂျွန်ကရော ဘယ်လိုကူညီပြီး နှစ်ယောက်သား တွဲဖက်ညီညီနဲ့ အစီအစဉ်ကိုအကောင်အထည်ဖော်မလဲဆိုတာကို ဟာသအလွဲလေးတွေနဲ့အတူ ကြည့်ရှုကြရပါမှာပါ။ ဒီဇာတ်ကားကို အညွှန်းနဲ့ ဘာသာပြန်သူကတော့ **Max** ဖြစ်ပါတယ်