7.0
23,891
...

Video Quality

Blu-ray 1080p

Audio Quality

DTS HDMA 5.1

File Size

6.1 GB

Credit

500

Dil To Pagal Hai (1997)

Comedy, Drama, Musical

Credits 500

1997 ခုနှစ်ကထွက်ရှိထားတဲ့ ဒီဇာတ်ကားမှာတော့ အချစ်ကိုယုံကြည်ပြီး တစ်နေရာရာမှာ ကိုယ့်အတွက်ဖူးစာဖက်ဆိုတာရှိနေမယ်လို့ တထစ်ချယုံကြည်နေတဲ့ ပူဂျာ ဆိုတဲ့မိန်းကလေးနဲ့အချစ်ကိုမယုံကြည်တဲ့ ရာဟူးလ်ဆိုတဲ့ကောင်လေးတို့ရဲ့ကြားက ဖြစ်ပေါ်လာတဲ့ချစ်ခြင်းကိုအသားပေးရိုက်ကူးထားတာဖြစ်ပါတယ်။ ပူဂျာဟာငယ်ငယ်တည်းကသူ့အတွက်ဖူးစာဖက်ဆိုသူကို အမြဲစိတ်ကူးယဥ်လျက် စောင့်ဆိုင်းနေခဲ့ပါတယ်။ အချိန်တွေကြာလာခဲ့ပြီးနောက် သူငယ်ချင်းဖြစ်သူအာဂျေးကသူ့အတွက် အမြဲရှိနေပေးခဲ့တာမို့ ဖူးစာဖက်လို့ထင်မှတ်ကာ လက်ထပ်ဖို့ပြင်ဆင်နေခဲ့ပါတယ်။ သိပ်မကြာခင်ပဲ ရာဟူးလ်နဲ့ဆုံမိပြီး ရင်ထဲကနေအချစ်မှန်း ခံစားမိခဲ့ပေမယ့် အရာရာ နောက်ကျနေပြီဖြစ်တဲ့အတွက်ပူဂျာ တစ်ယောက် ဘယ်လိုဆက်လုပ်မလဲ။ တကယ်ပဲဖူးစာဖက်ဆိုတာကိုမေ့ပြီး သူငယ်ချင်းကိုလက်ထပ်ပစ်လိုက်တော့မှာလား။ဒါမှမဟုတ် ရာဟူးလ်ကိုချစ်ပြီး အချစ်မှာပဲ ရူးသွပ်ပစ်လိုက်တော့မှာလားဆိုတာကို ကြည်နူးစရာအပြင်ဝမ်းနည်းစရာတွေအထိရသစုံစွာကြည့်ရှုရမှာဖြစ်ပါတယ်။ ဇာတ်အိမ်ခိုင်ပြီးဇာတ်လမ်းဇာတ်ကွက်တွေကလဲလှတဲ့အပြင် ကိုယ်ဟာဘယ်လိုလူပဲဖြစ်နေပါစေ တစ်ယောက်ယောက်ကတော့ ကိုယ့်အတွက်သီးသန့်ဖြစ်တည်နေတယ်ဆိုတဲ့ မျှော်လင့်ချက်ကိုပါ ထည့်သွင်းပေးထားတဲ့ကားလေးမို့အခုလိုပဲ ညွှန်းပေးလိုက်ရပါတယ်။ ဤဇာတ်ကားကိုအညွှန်းရေးပေးပြီး ဘာသာပြန်ပေးသူမှာ Zen ဖြစ်ပါတယ်။